ဝက်လက်နယ်၊ ပေါက်ကန်ရွာနဲ့ဆေးခန်းကို ရဟတ်ယာဉ် ၂ စီးနဲ့ လှည့်ပတ်ပစ်ခတ်

ဝက်လက်နယ်၊ ပေါက်ကန်ရွာနဲ့ဆေးခန်းကို ရဟတ်ယာဉ် ၂ စီးနဲ့ လှည့်ပတ်ပစ်ခတ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တောင်ဘက်မှာရှိတဲ့ ပေါက်ကန်ကျေးရွာကို စစ်ကောင်စီတပ်က သြဂုတ် ၁၃ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ တိုက်ခိုက်ရေးရဟတ်ယာဉ် ၂စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်ကန်ကျေးရွာ ကျေး/လက်ဆေးခန်းအနီးနဲ့ ကျေးရွာပတ်လည်ကို ရဟတ်ယာဉ် ၂ စီးနဲ့  နေ့လယ် ၃ နာ၇ီ ၅၀ မိနစ်ကနေ ၄ နာရီ ၁၀ မိနစ်ခန့်အထိ အချိန် ၁၅ မိနစ်ကြာ လှည့်ပတ်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရရှိခဲ့တယ်လို့ ဆိုပါတယ်။

" လှည့်ပတ်ပစ်တာ ၁၅ မိနစ်လောက်အတွင်းမှာ ၅ ခါပစ်တာ။ ဆေးခန်းပတ်ပတ်လည်နေရာတွေကို ပစ်ခတ်သွားတာ။ ဒဏ်ရာရတဲ့၂ ယောက်မှာ တယောက်က တော်တော်ဒဏ်ရာပြင်းတယ်။ အဲ့ဒီ၂ယောက်က အမျိုးသားလား၊ အမျိုးသမီးလားဆိုတာတော့ မသိရသေးဘူး"လို့ ဝက်လက်ဒေသခံ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ ဆေးခန်းဟာ CDM ဆရာဝန်၊ သူနာပြုတွေ ဆေးကုသမှုပေးနေတဲ့ ကျေးလက်ဆေးခန်းဖြစ်ပြီး လက်ရှိမှာ ပျက်စီးမှုအခြေအနေနဲ့ ဒေသခံတွေ ထိခိုက်၊ ဒဏ်ရာရရှိမှုအခြေအနေတွေကို အသေးစိတ်မသိရှိရသေးဘူးလို့ သူက ဆိုပါတယ်။

သြဂုတ် ၁၁ ရက်မှာလည်း စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာကို လေယာဉ်ဗုံးကြဲချခဲ့တာကြောင့် စဉ့်ကိုင်ကျေးရွာက စစ်ရှောင်နေတဲ့ ၈လသားကလေး တဦးနဲ့ ၂၃ နှစ်အရွယ်မိခင်တဦး၊ အသက်၆၀ ကျော်အရွယ် အမျိုးသမီးတဦးတို့ သေဆုံးကာ ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ဇွန်လ ၉ ရက်နေ့ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးစခန်းတိုက်ခိုက်ခံရစဉ် စစ်တပ်ကလေကြောင်းပစ်ကူပေးနေသည့် Mi 35 ရဟတ်ယာဉ်တစီး။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #လေကြောင်းတိုက်ခိုက် #ဆေးပေးခန်း #CDM  #စစ်ကောင်စီတပ် #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10