ဝက်လက်မြို့ကဖမ်းဆီးခံ DVB သတင်းထောက်ပျောက်ဆုံးနေ

ဝက်လက်မြို့ကဖမ်းဆီးခံ DVB သတင်းထောက်ပျောက်ဆုံးနေ

စစ်ကိုင်းတိုင်း၀က်လက်မြို့နယ်အတွင်းက စစ်ကောင်စီကဖမ်းဆီးသွားတဲ့ DVBသတင်းထောက် ကိုအောင်စံလင်း ပျောက်ဆုံးနေကြောင်း သူ့ရဲ့အကျိုးဆောင်ရှေ့နေဆီက သိရပါတယ်။

ကိုအောင်စံလင်းကိုနေအိမ်ကနေ ဖမ်းဆီးသွားတာဟာ ဒီနေ့ဇန်နဝါရီ၁၁ရက်နေ့ဆိုရင်တလရှိပြီဖြစ်တယ်လို့ သိရပါတယ်။

" ဝက်လက်မြို့နယ် ပင်စင်းကျေးရွာမှာ ဒီဇင်ဘာ ၁၁ရက် ည၁၂နာရီလောက်မှာစစ်ဖက် ရဲဖက် အရပ်ဝတ်တွေနဲ့အရာရှိတွေပါလာတယ် ဖမ်းဆီးတဲ့သူတွေက ဘယ်သူတွေဖြစ်ပါတယ် ဘယ်ရာထူးနဲ့ဘယ်ဌာနကပါလို့ပြောဆိုတာလဲမရှိဘူး ပိုဆိုးတာကဖမ်းဝရမ်းလဲမပြဘူး ဒီထက်ပိုပြီးဆိုးတာကဘယ်အမူကိုကျူးလွန်လို့ ဘယ်ပုဒ်မနဲ့ဖမ်းတယ်ဆိုတာမျိုးကိုလည်း ရှင်းပြပြောဆိုသွားတာမျိုးမရှိဘူး"လို့ သူရဲ့အကျိုးဆောင်ရှေ့နေ ဒေါက်တာဖိုးဖြူက ပြောပါတယ်။

မိသားစုအနေနဲ့ ဘယ်နေရာမှာချုပ်နှောင်ထားတယ်ဆိုတာကို မသိရှိကြသလို နယ်မြေပိုင်တဲ့ ဝက်လက်ရဲစခန်းမှာလည်း မရှိကြောင်း ဒါ့အပြင် သက်ဆိုင်တဲ့ မြို့နယ်တရားရုံးမှာလည်း ချုပ်နှောင်ခွင့်တောင်းခံထားတာမရှိ​ဘူးလို့ သိရပါတယ်။

ဖမ်းဆီးသွားချိန်ကစပြီး ကိုအောင်စံလင်းဘယ်မှာရှိတယ်ဆိုတာကို မိသားစုကမသိရှိတဲ့အတွက်မနေ့က စစ်ကိုင်းတိုင်းတရားရုံးမှာ သွားရောက်ပြီး ကိုအောင်စံလင်းကိုရှာဖွေပေးဖို့ တင်ပြပေမယ့် တရာရုံးက ငြင်းပယ်ခဲ့လို့ မိသားစုကစိုးရိမ်ပူပန်နေကြောင်း ​သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10