သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ အရာတော်မြို့၊ စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ်ကနေ ဝက်လက်မြို့ နယ်ထဲက နာရေးတခုကို ဟောင်ဝစ်ဇာအမြောက်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂ ရက်၊ မနက် ၁၁ နာရီမှာ စစ်ကိုင်းတိုင်း၊ အရာတော်မြို့ စခတ(၁၀)တပ်ရင်းက စစ်ကောင်စီတပ်သားတွေ ပစ်ခတ်လိုက်တဲ့ ဟောင်ဝစ်ဇာလက်နက်ကြီး ၅ လုံးဟာ ဝက်လက်မြို့နယ်၊ မူးမြစ်အရှေ့ဘက်ရှိ ဥယျာဥ်သာကျေးရွာအနီးမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဥယျာဉ်သာရွာမှာ လူဦးရေ ၃၀၀ ခန့်ရှိပြီး လက်နက်ကြီးနဲ့ပစ်ခတ်ခံရတာကြောင့် ရွာခံတွေဟာ နီးစပ်ရာတောထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ ဒီဇင်ဘာ ၄ ရက် ဒီနေ့ညနေပိုင်းမှာတော့ ရွာခံတချို့ ကျေးရွာထဲ ပြန်ဝင်လာခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ပြည်သူတွေ ထိမှန်ဒဏ်ရာရတာမျိုး မရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
အဲဒီကျေးရွာအနီးမှာ တော်လှန်ရေးနဲ့ပတ်သက်နေသူ ၁ ဦး ကျန်းမာရေးကြောင့် သေဆုံးတာရှိပြီး အဲဒီနာရေးသတင်းပေါက်လို့ ခြောက်လှန့်ပစ်ခတ်တာမျိုးဖြစ်နိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"နာရေးကလည်း လူအနည်းကျဥ်းနဲ့ လုပ်တာပါ။ ဒလန်ကြောင့် သတင်းပေါက်ပြီး ပစ်တာဖြစ်နိုင်တယ်။" လို့ သူက ဆက်ပြောပါတယ်။
ဟောင်ဝစ်ဇာပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီရဲ့ အမှတ် ၁၀ လေ့ကျင့်ရေးတပ်ဟာ အရာတော်မြို့ရဲ့ အရှေ့ဘက်ကပ်လျက်မှာရှိပြီး လက်နက်ကြီးပစ်ခတ်ခံရတဲ့ ဥယျာဉ်သာရွာနဲ့ ၇ မိုင်ခန့် ဝေးတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၂ ရက်ကလည်း အရာတော်မြိုနယ်အတွင်း ကျေးရွာ ၁ ရွာရှိ လူနေအိမ် ၁ လုံးပေါ်သို့ အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ်ရင်းမှ ပစ်ခတ်တဲ့ ဟောင်ဝစ်ဇာလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာမှ နေအိမ်မှာရှိနေတဲ့အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ပါသေးတယ်။
ပုံစာ - မြန်မာစစ်တပ်သုံး ဟောင်ဝစ်ဇာလက်နက်ကြီးနှင့် အမြောက်တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ (ပုံဟောင်း)
သတင်း - ငြိမ်းချမ်းမေ၊ စာတည်း - JCG
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #အရာတော်မြို့ #ဝက်လက်မြို့ #နာရေး #ဟောင်ဝစ်ဇာ
Share Share Share