ဝက်လက်မြို့နယ်က တစ်လေးလုံးသပိတ်

ဝက်လက်မြို့နယ်က တစ်လေးလုံးသပိတ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ကျောင်းသားကျောင်းသူတွေပူးပေါင်းပြီး တစ်လေးလုံးသပိတ်နဲ့ 1027 စစ်ဆင်ရေးကိုထောက်ခံတဲ့သပိတ် ပြုလုပ်ခဲ့ကြတယ်လို့ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁၁ ရက် မနေ့ကနေ့လယ်ပိုင်းမှာ ဝက်လက်မြို့နယ် တပ်ရင်း ၁၈၊ ကြောင်လက်သည်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒိုင်းနမိုက်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နန်းတက်မင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဝက်လက်မြို့နယ်က ကျောင်းသူကျောင်းသားတွေ ပူးပေါင်းကာ ဆန္ဒဖော်ထုတ်ခဲ့ကြတာလို့ နန်းတက်မင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

"1027 စစ်ဆင်ရေးက တော်လှန်ရေးအရှိန်ကို ပိုမြှင့်လိုက်သလိုပါပဲ။ ဒီစစ်ဆင်ရေးစလိုက်တာ ကျ‌နော်တို့အညာဘက်မှာလည်း အရင်တုန်းက မလုပ်ဖြစ်တာတွေ ပိုပြီးလုပ်ဖြစ်တယ်။ ဥပမာ - စခန်းတွေဝင်ပစ်တာမျိုးပေါ့။ ဒီစစ်ဆင်ရေးက အညာဘက်က တော်လှန်ရေးအင်အားစုတွေကိုလည်း ပိုပြီးအားဖြစ်စေတယ်"လို့ နန်းတက်မင်း တပ်ဖွဲ့ခေါင်းဆောင်ကိုထက်က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့က အောက်နိုဘာ၂၇ ရက်မှာ 1027 စစ်ဆင်ရေးစတင်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းမှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက ကောလင်း၊ ခမ်းပတ်၊ ပင်လည်ဘူး စတဲ့ မြို့တွေကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #၀က်လက် #တစ်လေးလုံး သပိတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10