ဝက်လက်မြို့မရဲစခန်းကို ဒရုန်းနဲ့ဗုံးသီး ၂၂ လုံး ကြဲချတိုက်ခိုက်လို့ ၇ ဦးသေဆုံးဟုဆို

ဝက်လက်မြို့မရဲစခန်းကို ဒရုန်းနဲ့ဗုံးသီး ၂၂ လုံး ကြဲချတိုက်ခိုက်လို့ ၇ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့မရဲစခန်းကို ဇွန်လ ၂၈ ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း)ဆီက သိရပါတယ်။

စစ်သားနဲ့ရဲအင်အား ၇၀ လောက် တပ်စွဲနေတဲ့ ဝက်လက်မြို့မရဲစခန်းကို ဇွန်လ ၂၈ ရက် ဒီနေ့ မနက်  ၆ နာရီဝန်းကျင်က ဒရုန်း ၄ စီးနဲ့ ဗုံး ၂၂ လုံးကြဲချခဲ့လို့ စစ်သား ၂ ဦး၊ ရဲ ၅ ဦး သေဆုံးပြီး ဗိုလ်ကြီး ခင်ဇော်ဆိုသူ အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ နဂါးနီတပ်ရင်းမှ ဒုတပ်ရင်းမှူး  ပြောပါတယ်။ 

“ဗိုလ်ကြီး ခင်ဇော် ဒဏ်ရာပြင်းထန်ရရှိပြီး မန္တလေးဆေးရုံကို လွှဲလိုက်ရတယ်လို့ သိထားတယ်။ ထိခိုက်သေဆုံးမှုတွေကို နယ်မြေခံသတင်းပေးတွေကတဆင့် သိရတာပါ” လို့ ဒုတပ်ရင်းမှူး ဆရာလေးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သတ်လို့ မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုးတော့ မရှိသေးပါဘူး။

ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၇ (Zero ပြောက်ကျားတပ်ဖွဲ့)၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ (နဂါးနီတပ်ရင်း)၊ ရွေဘိုခရိုင်တပ်ရင်း ၁၅၊ မုံရွာခရိုင်တပ်ရင်း ၂၁(NDRFတပ်ခွဲ) ဆားတောင်မိုးကြိုး (Local PDF) နှင့် MRTF Drone Force အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ရဲဘော်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ဇွန်လ ၁၂ ရက်ကလည်း ဟံလင်းမြို့ဟောင်းထဲ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

 

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #ရဲစခန်း #ဒရုန်းဗုံး #တိုက်ခိုက်မှု #စစ်ကောင်စီတပ် #သေဆုံးမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10