ဝက်လက်မြို့သိမ်းတိုက်ပွဲ သတိပေးတဲ့အနေနဲ့ စစ်အုပ်စုဘန်ကာတွေကို လက်နက်ကြီးနဲ့ပစ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ကို မြို့သိမ်းတိုက်ပွဲ သတိပေးတဲ့အနေနဲ့ မြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေရဲ့ ဘန်ကာတွေကို ကာကွယ်ရေးအဖွဲ့တွေက လက်လုပ်လက်နက်ကြီးတွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Bo Tiger - ဗိုလ်ကျားကြီး အဖွဲ့ဆီက သိရပါတယ်။

နိုဝင်ဘာ ၂၄ ရက် ည ၈ နာရီကျော်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ မြို့ရဲ့ဘေးပတ်ပတ်လည်က ဘန်ကာတွေကို ၁၅၀ မမ လက်နက်ကြီးကျည် ၂၅ လုံးလောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Bo Tiger-ဗိုလ်ကျားကြီး ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။

"မြို့သိမ်းတိုက်ပွဲတွေ စတော့မလို့ မဟာမိတ်ပေါင်းစုံနဲ့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာ။ ကျနော်တို့ကတော့ လက်နက်ကြီး ၁၅၀ အဖူး ၁၀ လုံး တခြားအဖွဲ့တွေက ၁၅ လုံးလောက် ပစ်ခတ်ခဲ့တယ်။ ဘန်ကာတွေပေါ်လည်း ကျတယ်။ သူတို့ဘက်က လက်နက်ငယ်‌တွေနဲ့တော့ ပြန်ပစ်တယ်။ သေဆုံးဒဏ်ရာရ အခြေအနေကိုတော့ စုံစမ်းနေဆဲပဲ" လို့  ပြောပါတယ်။

အခုရက်ပိုင်း စစ်ကောင်စီက ဝက်လက်မြို့တလျှောက်မှာ ဘန်ကာတွေကို ခိုင်ခိုင်မာမာ ဆောက်လုပ်ထားပြီး တပ်စွဲနေတယ်လို့ သိရပါတယ်။ 

ပစ်ခတ်မှုအပြီး စစ်အုပ်စုက လူပြန်စုကာ တပ်သားတွေကို ဘန်ကာတွေထဲမှာနေဖို့၊ ထွက်မပြေးကြဖို့ကို မြို့တလျှောက် လှည့်လည်အော်နေတာတွေ လုပ်နေတယ်လို့လည်း ဗိုလ်ကျားကြီးက ပြောပါတယ်၊

ဒီတိုက်ခိုက်မှုကို Bo Tiger-ဗိုလ်ကျားကြီး နဲ့ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းပစ်ခတ်ခဲ့ကြတာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဝက်လက် #မြို့သိမ်းတိုက်ပွဲ  #သတိပေးတိုက်ခိုက် #စစ်ကောင်စီဘန်ကာ #လက်နက်ကြီး #BoTiger-ဗိုလ်ကျားကြီး #မဟာမိတ်အဖွဲ့ #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10