ဝက်လက်မှာ မိုင်းဆွဲခံရလို့ ၇ ဦးသေဆုံးခဲ့တဲ့ စစ်အုပ်စုက ရွာကို မီးရှို့ခဲ့

ဝက်လက်မှာ မိုင်းဆွဲခံရလို့ ၇ ဦးသေဆုံးခဲ့တဲ့ စစ်အုပ်စုက ရွာကို မီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိုမ်းမကားရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ရွေကျင်ရွာထိပ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၇ ဦးသေဆုံးခဲ့တယ်လို့ Bo Tiger-ဗိုလ်ကျားကြီး အဖွဲ့ဆီက သိရပါတယ်။ 

အင်အား ၇၀ ဝန်းကျင်ပါတဲ့ အဲ့ဒီစစ်ကြောင်းကို ဇူလိုင်လ ၃ ရက် မနေ့က မနက် ၆နာရီလောက်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“ရွှေကျင်ရွာထိပ်ကိုရောက်လာတာမှာ ကျနော်တို့ ထောင်ထားတဲ့မိုင်းတွေကို ပြေးပြီးဆွဲခဲ့တာ။ ကျနော်တို့ရဲဘော်တွေ မျက်မြင်တွေ့တာက ၂ ယောက်ကတော့ ပတ်လက်လန်သွားတယ်။ နေ့ခင်းမှာ သိရတာက ၇ ဦးသေတယ်။” လို့ Bo Tiger - ဗိုလ်ကျားကြီး အဖွဲ့ ဒုခေါင်းဆောင် ဗိုလ်ထက်အောင်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Bo Tiger - ဗိုလ်ကျားကြီး၊ SGU ဂဠုန်ပျောက်ကျားတပ်ဖွဲ့၊ တပ်ရင်း ၁၅၊ တပ်ရင်း ၁၈၊ တပ်ရင်း ၁၇ နှင့် ကျေးရွာ ပကဖ တို့ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနဲ့ ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

တိုက်ခိုက်ခံရပြီးနောက် အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပြီး ဇူလိုင် ၃ ရက် ညနေ ၃ နာရီလောက်မှာပဲ ရွှေကျင်ရွာက နေအိမ် ၄၀ လောက်ကို မီးဝင်ရှို့ခဲ့တယ်လို့ သိရပါတယ်။ 

“ရွှေကျင်ရွာထဲက ဘုန်းကြီးကျောင်း ပြည်သူတွေနေအိမ်တွေက ဆန်တွေ ဆီတွေ ပစ္စည်းတွေကို ရွာလယ်ကဇရပ်ထဲမှာ ပုံထားပြီး ညနေ ၃ နာရီမှာ ရွာကိုမီးရှို့တော့တာပါ။ အခုလက်ရှိလည်း အဲ့ဒီစစ်ကြောင်းက ရွာထဲမှာပဲ ရှိတယ်။” လို့ ဗိုလ်ထက်အောင်က ဆက်ပြောပါတယ်။ 

ရွာရဲ့ တောင်ဖျား၊ မြောက်ဖျားနဲ့ ရွာလယ်က အိမ်တွေကို မီးရှို့ခဲ့တာဖြစ်ပြီး စုစုပေါင်းအိမ်ခြေ ၅၀၀ ဝန်းကျင်ရှိတဲ့အနက် အိမ်ခြေ ၄၀ မီးလောင်ပျက်စီးခဲ့ရပြီး လက်ရှိအချိန်ထိလည်း စစ်တပ်က ရွာထဲမှာ တပ်စွဲထားဆဲဖြစ်တယ်လို့ သိရပါတယ်။ 

ပုံစာ - ဇူလိုင် ၃ရက် ညနေပိုင်းမှာ ရွှေကျင်ကျေးရွာကို စစ်တပ်က မီးရှို့လို့ မီးလောင်နေသည့်မြင်ကွင်း။

စာတည်း - လင်း
#မြေလတ်အသံ 
#စစ်ကိုင်း #ဝက်လက် #ရှိမ်းမကား #PDF #တိုက်ခိုက် #စစ်ကောင်စီ #ရွှေကျင်ရွာ #မီးရှို့

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10