ဝက်လက်မှာ စစ်ကောင်စီစစ်ကြောင်း စနိုက်ပါနဲ့ပစ်ခံရလို့ ၁ ဦးသေဆုံး

ဝက်လက်မှာ စစ်ကောင်စီစစ်ကြောင်း စနိုက်ပါနဲ့ပစ်ခံရလို့ ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာ ရှိမ်းမကားရဲစခန်းကနေထွက်လာတဲ့ စစ်ကြောင်းကို ဩဂုတ်လ ၁၁ ရက် မနေ့ညနေက ပတ်တက်ကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့တယ်လို့ Bo Tiger - ဗိုလ်ကျားကြီး အဖွဲ့ဆီက သိရပါတယ်။ 

စဉ့်ကူးဘက်ကနေ ရှိမ်းမကားရဲစခန်းကိုတပ်ကူလာတဲ့စစ်ကြောင်းဟာ စဉ့်ကိုင်၊ တလိုင်းရွာ၊ ချောင်းဖြူရွာတွေကို စစ်ကြောင်းထိုးနေစဉ် ပတ်တက်ကြီးရွာအနီးမှာ မနေ့က ညနေ ၅ နာရီလောက်ကနေ တိုက်ခိုက်ခဲ့ရာ ၁ နာရီ ကြာခဲ့တယ်လို့ သိရပါတယ်။ 

"ကျနော်တို့က လက်နက်ကြီးနဲ့ ၃ လုံးပစ်တယ်၊ သူတို့ထွက်ပစ်တော့ ကျနော်တို့နဲ့အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်၊ တိုက်ပွဲချိန်က ၁ နာရီလောက်ကြာခဲ့တယ်၊ ထုလိုက်ရပ်လိုက်ပစ်လိုက်လုပ်ကြတာပါ၊ ၆၀ မမနဲ့ပစ်ပြီး စနိုက်ပါနဲ့ပစ်ခဲ့တယ်၊ G3 တတောင့်ထိုးတွေနဲ့လည်း ပစ်ခဲ့တာ၊ စနိုက်ပါနဲ့ ပစ်ခတ်ခဲ့လို့ တဦးသေဆုံးခဲ့တာ မျက်မြင်ကိုယ်တွေပါ" လို့ ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ကပစ ၄၂ ကဖြစ်ပြီး အင်အား ၆၀ ကျော်ပါကာ ပဒူရွာဘက်ကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

အခုတိုက်ခိုက်မှုမှာ Bo Tiger - ဗိုလ်ကျားကြီး၊ Doung Ni Defence Force-Wetlet၊ တပ်ရင်း ၁၈နဲ့ 96 အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်ကလည်း ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းပတ်ထိုးနေတဲ့ စစ်အုပ်စုကို Bo Tiger-ဗိုလ်ကျားကြီးအဖွဲ့က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ - ဩဂုတ်လ ၁၀ ရက်က စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြစဉ်။

စာတည်း - နွေဦးငြိမ်းချမ်း 

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ဝတ်လက် #ရှိမ်းမကား #စစ်ကောင်စီ #ပစ်ခတ်တိုက်ခိုက်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10