ဝက်လက်မှာ ဆက်ကြေးကောက်နေတဲ့ ဂိတ်ကင်းစခန်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ၂ ဦးသေ၊ ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးလမ်းဆုံမှာ အင်အား ၃၀ ကျော်နဲ့ ဆပ်ကြေးကောက်နေတဲ့ဂိတ်ကင်းစခန်းက စစ်သားတွေကို ဒေသကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၃၀ ရက် မနေ့က နေ့လယ် ၁ နာရီခွဲမှာ အင်အား ၃၀ ကျော်ရှိတဲ့ ရွာသာကြီးလမ်းဆုံ ဆက်ကြေးကောက်နေတဲ့ဂိတ်ကို  ဒရုန်းနဲ့ ဗုံးသီး ၃ လုံးချခဲ့ပြီး ညနေ ၃ နာရီမှာလည်း ဗုံးသီး ၃ လုံးချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

‌"ဝက်လက်မြို့နယ် ရွာသာကြီးလမ်းဆုံ ဆက်ကြေးကောက်နေတဲ့ဂိတ်က ဘန်ကာကိုချခဲ့တာ။ အဲ့ဒီနေရာမှာ စစ်ခွေးတွေစုဝေးနေလို့ တနေရာထဲကိုပဲ တိုက်ခိုက်ခဲ့တာ။ ၂ ကြိမ်စလုံးပေါ့၊ သေဆုံးမှုက စစ်ခွေး ၂ ကောင်သေတယ် ၅ ကောင်ထိခိုက်ဒဏ်ရာရတယ်လို့ မြေပြင်သတင်းပေးပို့ချက်အရ သိရှိရတယ်။ လက်နက်ငယ်နဲ့တော့ ပြန်ပစ်တယ်၊ အကြာကြီးမဟုတ်ပါဘူး။ ၂၀၂၂ နှစ်ကတည်းက သူတို့အထိုင်ချနေတာ ၇ လလောက်ရှိပြီ။ တပ်မ ၃၃ က စစ်သားတွေပါ။" လို့ ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မိကျောင်းက ပြောပါတယ်။ 

ဒဏ်ရာရသွားတဲ့ စစ်ကောင်စီတပ်သားတွေကို နာရေးကားနဲ့ ရွှေဘိုပြည်သူ့ဆေးရုံကို သယ်ဆောင်သွားကာ အဲ့ဒီနေရာမှာပဲ လုံခြုံရေးထပ်ပြီးတင်းကြပ်ထားတယ်လို့ သူက ဆိုပါတယ်။ 

အဲ့ဒီတိုက်ခိုက်မှုကို ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရွာသာကြီး (တန) ပကဖ ၊ ကျားညီနောင်အဖွဲ့၊ MRTF ၊ NGWE DWIN REVOLUTION FORCE ၊ ရှင်းရှင်း ပြည်သူကာကွယ်ရေးအဖွဲ့ ၊ ဗိုလ်လင်းရောင်(ဒပယ) ၊ တန(၂) ညီအကိုများ ၊ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်ကလည်း ရွှေဘိုမြို့ ခရိုင်တရားရုံးကို ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ က မောင်းသူမဲ့လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#ဝက်လက် #ဂိတ်ကင်းစခန်း #ဆက်ကြေးကောက်  #စစ်အုပ်စု  #ထိခိုက်  #PDF  #မြေလတ်ရုပ်သံ  #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10