ဝက်လက်မှာ ၃ရက်အတွင်း တိုက်ပွဲ ၄ကြိမ်ဖြစ်ခဲ့၊ စစ်ဗိုလ် ၁ ဦးအပါ ၇ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းမှာ စစ်ကောင်စီ စစ်ကြောင်းတွေကို စက်တင်ဘာ ၆ ရက်ကနေ ၈ ရက်အထိ ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ဝက်လက်မြို့နယ်အတွင်း စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၆၀၀ နီးပါးရှိတဲ့ စစ်ကြောင်း ၃ ကြောင်းကို စက်တင်ဘာ ၆ ရက်ကနေ ၈ ရက်အထိ မိုင်းဆွဲတဲ့အပြင် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဝက်လက်မြို့နယ်အတွင်း တမာကန်ကျေးရွာ၊ ဖိုးဝင်းတပ်ကျေးရွာနဲ့ ရှိမ်းမကားရဲစခန်းအနီးတို့မှာ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ ၄ ကြိမ်လောက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့ ဗိုလ်တီက ပြောပါတယ်။

"၇ ရက်နေ့မှာ ဖိုးဝင်းတပ်ကျေးရွာအနားမှာ ထိတွေ့မှုအကြီးဆုံးဖြစ်ခဲ့တာ။ သုံးပွင့်ဗိုလ်တဦးလည်း သေတယ်။ သုံးပွင့်ဗိုလ်ကို သယ်သွားပြီး တခြားစစ်ကြောင်းနဲ့သွားပေါင်းတယ်။ သေတဲ့စစ်သားတွေကို မြှုပ်ထားခဲ့တာတွေလည်းရှိတယ်။ ၈ ရက်နေ့ ရှိမ်းမကားရဲစခန်းအနားမှာ ထိတွေ့မှုထပ်ပြီးတော့ သူတို့တပ်ဆုတ်ပြီး သံခွန်တွေနဲ့ လာခေါ်သွားတယ်" လို့ တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့  ဗိုလ်တီက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့ ၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့ နှင့် ဒေသခံ တိုက်နယ်ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#ဝက်လက်တိုက်ပွဲ #တိုက်ပွဲသတင်း #သတင်း #စစ်ကောင်စီစစ်ကြောင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10