သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ဝက်လက်မြို့နယ်အတွင်းမှာ PDF ရဲဘော် ၂ ဦး ဒီဇင်ဘာ ၉ ရက် မနေ့ကည ၈ နာရီလောက်က မိုင်းထိမှန်ပြီး ကျဆုံးခဲ့တယ်လို့ ဝက်လက် PDF ဆီကသိရပါတယ်။
ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) က ရဲဘော်သုတနဲ့ ရဲဘော်ရာမတို့ဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက နေရာတခုမှာ စစ်ကောင်စီကို တိုက်ခိုက်ဖို့ မိုင်းထောင်နေချိန်အတွင်းမှာပဲ အမှတ်မထင် ပေါက်ကွဲသွားခဲ့တာကြောင့် နှစ်ဦးစလုံး နေရာမှာတင်ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ဝက်လက် PDF ရဲ့တာဝန်ရှိသူတဦးက မြေလတ်အသံကိုပြောပါတယ်။
“မိုင်းထောင်ရင်းနဲ့မိုင်းက ထကွဲသွားတာပါ၊ ၂ ယောက်လုံးသေဆုံးသွားတာပါ၊ အလောင်းတောင် ကောင်းကောင်းကောက်လို့မရပါဘူး။ တပိုင်းတစဆီဖြစ်သွားတာ၊ ဒီဝက်လက်မြို့နယ်ထဲက ပွိုင့်တခုကို စစ်ကောင်စီတွေလာနေလို့ အပြေးအလွှားထောင်ရင်းနဲ့ ဖြစ်သွားတာ၊ ကျန်ရှိတဲ့ မိသားစုဝင်တွေကိုတော့ ကျနော်တို့တတ်နိုင်သလောက် ထောက်ပံ့ရမှာပေါ့” လို့ သူကဆက်ပြောပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးရဲ့ ရုပ်အလောင်းကိုတော့ ဒီဇင်ဘာ ၁၀ ရက် ဒီနေ့နေ့လည်ပိုင်းမှာ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။
#မြေလတ်အသံ
Share Share Share