ဝက်လက်မှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ၄ ဦးသေဆုံးဟုဆို

ဝက်လက်မှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ၄ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းတခုကို ဇွန်လ ၂၂ ရက် ဒီနေ့မနက် ၈ နာရီကျော်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၄ ဦးသေဆုံးခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ မှ တာဝန်ရှိသူက ပြောပါတယ်။

ဝက်လက်မြို့ပေါ်ကနေ တကောင်းမင်းကျေးရွာဘက်ကို ထွက်ခွာလာတဲ့ အင်အား ၇၀ ခန့်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို ဝက်တိုးရွာနဲ့ ဖုတ်ကုန်းကျေးရွာကြားမှာ မိုင်း ၃ လုံးဆွဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"မိုင်း ၃ လုံးဆွဲတာမှာ ပထမ ၁ လုံးဆွဲလိုက်ချိန်မှာ ၄ ကောင်လွင့်စင်ပြီးတော့ လဲကျသေသွားတာကို မြင်လိုက်ရတယ်ဗျ။ မိုင်းက ပေ ၁၀၀ ပတ်လည်သေနိုင်တယ်။ ဒဏ်ရာရတဲ့ကောင်တွေလည်းများနိုင်တယ်" လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ အနီးဝန်းကျင်ဘေးပတ်လည်တွေကို လက်နက်ငယ်တွေနဲ့ တရစပ်ပစ်ခတ်ခဲ့သလို တကောင်းမင်းကျေးရွာရဲ့ သင်္ချိုင်းကုန်းမှာရှိတဲ့ တဲဆောင်တွေကိုလည်း မီးရှို့ခဲ့သေးတယ်လို့  တပ်ရင်းမှူး ဗိုလ်ကောက်ရိုးကပြောပါ တယ်။

လက်ရှိမှာ အဆိုပါစစ်ကြောင်းဟာ တကောင်းမင်းကျေးရွာဘက်ကနေပြန်လှည့်ကာ မောက်ကြိုးကျေးရွာဘက်ကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၂၀ ရက်မှာ ရွှေဘိုခရိုင်တပ်ရင်း ၁၅ အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက အရာတော်မြို့နယ်၊ ငွေတွင်း(ပျူ)ကျေးရွာမှ စစ်ကောင်စီနဲ့ ပျူတပ်သားတွေ အစည်းအဝေးလုပ်နေချိန် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် စစ်သားနဲ့ပျူစောထီး ၁၀ ဦးကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

ပုံစာ- ရွှေဘိုခရိုင်တပ်ရင်း ၁၅ မှ PDF ရဲဘော်များ။

 

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #စစ်ကောင်စီတပ် #မိုင်းဆွဲခံရ #သေဆုံးမှုရှိ #PDF #ရွှေဘိုခရိုင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10