ဝင်ငွေ နဲ့ ကုန်ဈေးနှုန်း မမျှတမှု ပြည်သူတွေ အလူးအလဲခံနေရ (ရုပ်/သံ)

မြန်မာတနိုင်ငံလုံးက မြေလတ်ဒေသအပါအဝင် ပြည်သူလူထုတွေအားလုံးဟာ လက်ရှိအချိန်မှာ အခြေခံလုပ်အားခ၊ လစာ၊ ဝင်ငွေနဲ့စားသောက်ကုန်ဈေးနှုန်း မမျှတမှုကို ပြည်သူတွေအလူးအလဲခံနေကြရပါတယ်။ ကျေးလက်ဒေသက လယ်၊ယာ စိုက်ပျိုးရေးလုပ်ငန်းတွေကို ကိုယ်ပိုင်လုပ်နေကြတဲ့ တောင်သူတွေမှာလဲ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ကောက်ပဲသီးနှံက ပြန်ရတဲ့ဝင်ငွေနဲ့ မရပ်တည်နိုင်ကြပဲ နှစ်စဉ်စိုက်ပျိုးစရိတ်အကြွေးတင်နေကြရသလို၊ လယ်ယာလုပ်ငန်းခွင်တွေဝင် လုပ်ကိုင်နေရတဲ့ လုပ်သားတွေဆိုရင်လဲ အလုပ်အကိုင်ကရှားပါးတော့ ရရာအလုပ်မှာ ရရာဝင်ငွေနဲ့လုပ်ကိုင်နေရတဲ့အခြေအနေမို့ နေစဉ်ထမင်းနပ်မှန်ဖို့အတွက် မနဲရုန်းကန်နေကြရပါတယ်။ ဒါ့အပြင် လုပ်ခ၊လစာဝင်ငွေ နည်းပါးမှုကြောင့် မြို့ပြနေ အခြေခံပြည်သူတွေနဲ့ ဝန်ထမ်းတွေဟာလဲ နေ့စဉ်မိသားစု စားသောက်စရိတ်ကို အလျဉ်မီအောင် မဖြေရှင်းနိုင်တဲ့အပြင် အခြားအိမ်မှုကိစ္စ၊‌ နေအိမ်ငှားရမ်းခ၊ သားသမီးပညာရေး၊ မိသားစုကျန်းမာရေး စတာတွေကို ဖြေရှင်းနိုင်ဖို့ အခက်အခဲများစွာရှိနေတာတွေ့ရပါတယ်။ ဒီအကြောင်းတွေကို ဒီတပါတ်မြေလတ်ဒေသ "လူမှု၊ စီးပွါး" အစီအစဉ်မှာ ကလောင်ရှင် ဒိအာကာ (မြေလတ်အသံ) က သုံးသပ်တင်ဆက်ထားပါမယ်။

#လူမှု စီးပွါး

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10