ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခဲ့ကြောင်း အတူပါဆရာတော်က လူသိရှင်ကြား မိန့်ဆို (ရုပ်/သံ)

နိုင်ငံတော်သံဃာ့မဟာနာယက(မဟန)အဖွဲ့ဝင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာတဲ့ကား ပစ်ခတ်ခဲ့တာ စစ်ကောင်စီတပ်သားတွေဖြစ်တယ်လို့ အတူလိုက်ပါလာတဲ့ ဆရာတော်က ယနေ့ ဇွန်လ ၂၀ ရက်နေ့မှာ ရဟန်းသံဃာတော်တွေနဲ့ ဒကာ၊ ဒယိကာမ အကြားမှာ လူသိရှင်ကြား အမှန်အတိုင်း မိန့်ဆိုရှင်းလင်းခဲ့ပါတယ်။

ပစ်ခတ်မှု ဖြစ်စဉ်အစအဆုံးနဲ့ နောက်ပိုင်း စစ်ဆေးခံရတာတွေကအစ အပြည့်အစုံကို မိန့်ကြားခဲ့တာဖြစ်ပြီး အဲဒီမိန့်ကြားမှု ကို Live လွှင့်ထားတဲ့ ရုပ်သံဖိုင်ဟာ ယနေ့မှာပဲ လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့လျှက်ရှိပါတယ်။

စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ဖောကားပေါ်ကနေ စစ်သားတွေက သေနတ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့တာ ၈ ချက်ထပ်မနည်းရှိတယ်လို့ မိန့်ကြားထားပါတယ်။

နိုင်ငံတော်သံဃာ့မဟာနာယက(မဟန)အဖွဲ့ဝင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ နဲ့ အတူ ဆရာတော်တပါး ယာဉ်မောင်းတို့ဟာ ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့ က မန္တလေးတိုင်း၊ တံတားဦးလေဆိပ်ကနေ အထွက် စစ်ကောင်စီတပ်သားတွေက ဖောကားပေါ်ကနေ သေနတ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့တာကြောင့် ဝင်းနိမ္မိတာရုံဆရာတော်ဟာ နေရာမှာပဲ ပျံလွန်တော်မူခဲ့ပါတယ်။

#မြေလတ်အသံ

#ဝင်းနိမ္မိတာရုံဆရာတော် #ဘုန်းကြီး #Live #ဘဒ္ဒန္တမုနိန္ဒာဘိဝံသ #ပျံလွန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10