ဝင်းနိမ္မိတာရုံဆရာတော်ကြီးရဲ့အန္တိမအဂ္ဂိဈာပန ပြင်ဆင်ထားမှုမြင်ကွင်းများ (Photo News)

ဝင်းနိမ္မိတာရုံဆရာတော်ကြီးရဲ့အန္တိမအဂ္ဂိဈာပန ပြင်ဆင်ထားမှုမြင်ကွင်းများ (Photo News)

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော်ကြီးရဲ့အန္တိမအဂ္ဂိဈာပနအခမ်းအနားကို မြို့ရှောင်လမ်းရှိ ဆင်ဖြူကွင်းသုဿာန်မှာ ဇွန် ၂၇ ရက်မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး အခမ်းအနားပြင်ဆင်ထားရှိမှုမြင်ကွင်းတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်မနက်ပိုင်းက ပဲခူး၊ ဝင်းနိမ္မိတာရုံကျောင်းပဓာနနာယကဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ လိုက်ပါလာတဲ့ကားဟာ မန္တလေးတိုင်း၊ ငါးန်ဇွန်မြို့နယ်၊ ကံမရွာအနီးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်တာကိုခံခဲ့ရပြီး ဆရာတော်ပျံလွန်တော်မူခဲ့ရကာ မင်္ဂလာဒုံမြို့နယ်၊ ကံသုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသနဲ့ ယာဉ်မောင်းတို့ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ - ဝင်းနိမ္မိတာရုံစာသင်တိုက် ။

#မြေလတ်အသံ

#ပဲခူး #ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး #အန္တိမဈာပန #အခမ်းအနား #ဓာတ်ပုံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10