ဝမ်ပေါင်ကုမ္ပဏီကထွက်လာတဲ့ ကြေးနီတင်တွဲကားအပါ စစ်တပ်ယာဥ်တန်း တိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ ၇ ဦးဒဏ်ရာရ

ဝမ်ပေါင်ကုမ္ပဏီကထွက်လာတဲ့ ကြေးနီတင်တွဲကားအပါ စစ်တပ်ယာဥ်တန်း တိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ ၇ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်ထိပ်မှာ ဝမ်ပေါင်ကုမ္ပဏီကထွက်လာတဲ့ ကြေးနီတင် တွဲကားတွေနဲ့ စစ်ကောင်စီကားတွေ တိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ ၇ ဦးဒဏ်ရာရတယ်လို့ ဘာမထီတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၀ ရက် မနက် ၁၀ နာရီ ၁၁ မိနစ်ခန့်မှာ ဝမ်းပေါင်ကြေးနီကုမ္ပဏီဘက်ကနေ မန္တလေးဘက်ကိုထွက်လာတဲ့ ကြေးနီတင်တွဲကား ၃၇ စီးနဲ့ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့သံပြားကာ ကား ၆ စီးကို လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"လက်နက်ကြီးနဲ့ မိုင်းဆွဲတာတော့ မပါဘူး။ ဂန်း(Gun)ငယ်တွေနဲ့ပဲ ပစ်ခတ်ခဲ့တာ။ ပစ်တာက ၁၅ မိနစ်လောက်ပဲ ကြာတယ်။ သူတို့ဘက်က ပြန်ပစ်တာမျိုး မရှိဘူး။ ကားပဲ မောင်းပြေးသွားတာ"လို့ ဘာမထီတော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

ပတ်ခတ်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရခဲ့ပြီး ထိခိုက်သေဆုံးသူတွေကိုတော့ မုံရွာ-မန္တလေးလမ်းပိုင်းက စွမ်းရည်ထက်ဆီဆိုင်အနီးမှာ ချထားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုအခြေနေကိုတော့ ဒေသခံသတင်းပေးတွေနဲ့ စစ်တပ်သတင်းပေးတွေဆီက ပြန်လည်သိရှိရတာလို့ သူကဆက်ပြောပါတယ်။

ကားတန်းကချခဲ့တဲ့ ထိခိုက်သေဆုံးသူတွေကိုတော့ စစ်ကောင်စီအဖွဲ့က လူနာတင်ယာဥ်တွေနဲ့ မုံရွာမြို့တွင်းဘက်ကို ပြန်သယ်သွားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ဘာမထီတော်လှန်ရေးတပ်ဖွဲ့၊ Yinmarbin District No.9 Regiment မဟာမိတ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

အောက်တိုဘာ ၈ ရက်ကလည်း မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်အနီးမှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲ ၂ ဦးသေဆုံးကာ ၄ ဦးခန့် ဒဏ်ရာရှိခဲ့ပါသေးတယ်။ 

ပုံစာ - ဒေသခံကာကွယ်ရေးတပ်ဖွဲ့၀င်များ ၀မ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်နေစဉ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ဝမ်ပေါင် #စစ်တပ်ယာဥ်တန်း #တိုက်ခိုက်ခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10