ဝမ်ပေါင်ဂိတ်က ကင်းသမားတွေပစ်ခံရလို့ ၃ဦးသေ ၅ ဦးဒဏ်ရာရဟု ဆို( ရုပ်/သံ)

ကင်းအထပ်ထပ်ချထားတဲ့ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း ဝမ်ပေါင်ဂိတ်က ကင်းသမားတွေကို PDF က သွားရောက်ပစ်ခတ်လို့ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

မေလ ၂၅ ရက် မနေ့ကနေလယ် ၁ နာရီကျော်လောက်မှာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ဝမ်ပေါင်ကုမ္ပဏီသွားတဲ့ ဝင်ပေါက်ဂိတ်မှာ ကင်းစောင့်တဲ့ စစ်သားနဲ့ရဲတွေကို ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော် (D.M.S.A) အဖွဲ့ က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ကြတာပါ။

"ဝမ်ပေါင်ဂိတ် ဘယ်ပြန်ညာပြန်မှာ စစ်*နဲ့ရဲကအမြဲတမ်းစောင့်တယ်။ ညောင်ပင်ကြီးနဲ့လမ်းစုံဆိုရင် ကင်းက ၅ ထပ်လောက်ရှိတယ်။ မထင်ရင်မထင်သလို စစ်တယ်။ ဖမ်းဆီးတယ်။ အဲ့သလိုတွေ ခဏခဏလုပ်လို့ သွားရောက်တိုက်ခိုက်ခဲ့တာ" လို့ ဓားမဆိုင်းတပ်မတော် ခေါင်းဆောင် ဗိုလ်စွမ်းက ပြောပါတယ်။

အဲ့ဒီလိုသွားပစ်တဲ့အချိန်မှာ ပစ်ခံရတဲ့ဂိတ်က ပြန်ပစ်နိုင်တာမျိုးမရှိပေမယ့် အခြားဘေးဘက်ကင်းသမားတွေက ပြန်ပစ်တာမျိုးရှိပေမယ့် ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၃ဦးနဲ့ အထက်သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပေမယ့် အသေးစိတ်ကို အတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။

စာတည်း- ဇို

#မြေလတ်အသံ

#လက်ပံတောင်းတောင် #ဆားလင်းကြီး #ဝမ်ပေါင် #ပစ်ခတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10