ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အရာတော်အမြောက်တပ်ကို အမြောက်နဲ့သွားပစ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်အခြေစိုက် အမှတ် ၃၆၉ အမြောက်တပ်ရင်း(အမတ ၃၆၉)ကို ၆၀ မမ ၁၁ လုံးနဲ့ မေလ ၂၄ ရက် နေ့လယ် ၁၀ နာရီခွဲဝန်းကျင်မှာ တိုက်ခိုက်ခဲ့တယ်လို့ Snipe Ranger Force(LPDF) ရဲဘော် ဆလိုင်းက ပြောပါတယ်။ 

ရတနာပုံ တက္ကသိုလ်ကျောင်းသား ကိုမျိုးမင်းခန့် အတွက်ဝမ်းနည်းကြေကွဲခြင်းအထိမ်းအမှတ်အဖြစ် အမတ ၃၆၉ကို ၆၀ မမ ၁၁ လုံးနဲ့ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

"ကောင်တာပြန်ပစ်ခတ်တာမရှိတဲ့အတွက် ပစ်ခတ်ပြီး ပြန်လာခဲ့တယ်။ အမတ ၃၆၉ မှာ စစ်သားဘယ်လောက်နဲ့ အထိုင်ချထားတာဆိုတာ ခန့်မှန်းရခက်တယ်။ ပျူစောထီးတွေရော အဲ့ဒီတပ်ထဲမှာနေကြတာ။ သေဆုံးမှုကိုသိရအောင် ဒရုန်းလွှတ်ပေမဲ့ Jammer မိနေတာကြောင့်လွှတ်လို့မရဘူး" လို့ ရဲဘော်ဆလိုင်းက ပြောပါတယ်။

အမြောက်တပ် ၃၆၉ တပ်ရင်းကို ပစ်ခတ်ရတဲ့ရည်ရွယ်ချက်ကတော့ မနှစ်က ၂၄ ရက် ၅ လ ၂၀၂၂ ခုနှစ် မန္တလေး PDF မှာ တာဝန်ထမ်းဆောင်ရင်းနဲ့ ကျဆုံးသွားတဲ့ ရတနာပုံ တက္ကသိုလ်ကျောင်းသား ကိုမျိုးမင်းခန့် အတွက် ဝမ်းနည်းကြေကွဲခြင်းအထိမ်းအမှတ်အဖြစ် လုပ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်ခံရပြီးနောက်မှာတော့ အရာတော် အမြောက်တပ် ၃၆၉ တပ်ရင်းက  စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#အမတ၃၆၉ #အမြောက်တပ် #အရာတော် #၆၀မမ #ရတနာပုံ #တက္ကသိုလ်ကျောင်းသား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10