ဝါစက်ရုံမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရလို့ ၃ ဦးသေ ၄ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့အဝင်က ဝါစက်ရုံမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မေလ ၃ ရက် မနက် ၅ နာရီကျော်မှာ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ PDFတာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီစက်ရုံမှာ အင်အား ၁၅၀ ခန့်နဲ့ တပ်စွဲထားတာဖြစ်ပြီး၊ စစ်ကောင်စီတပ်သားတွေ တန်းစီနေကြချိန် ၆၀ မမ လက်နက်ကြီး ၈ လုံးနဲ့ ပစ်ခတ်တိုက်ခဲ့တာဖြစ်တယ်လို့ Brave Eagles Revolution Forceခေါင်းဆောင် ကိုရှမ်းက ပြောပါတယ်။


တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဖက်က ၆၀ မမ၊ ၄၀ မမတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် PDF ရဲဘော်တဦးရဲ့ တင်ပါးမှာလက်နက်ကြီးစတွေ ထိမှန်ခဲ့တယ်လို့ ကိုရှမ်းကပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Brave Eagles Revolution Force၊ B 21၊ ယင်းမာပင်ခရိုင်တပ်ရင်း ၂၀၊ တပ်ခွဲ၃ စတဲ့မဟာမိတ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက အဲ့ဒီဝါစက်ရုံမှာ တပ်စွဲထားတာဖြစ်ကာ အခုတခေါက် အပါအဝင် ၄ ကြိမ်မြောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တည်းဖြတ်- ဇို
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10