ဝါဆိုသင်္ကန်းကပ်ပြီးအပြန် စက်လှေမှောက်လို့ ကလေး ၂ ဦးအပါ အမျိုးသမီး ၄ ဦးသေဆုံး

ဝါဆိုသင်္ကန်းကပ်ပြီးအပြန် စက်လှေမှောက်လို့ ကလေး ၂ ဦးအပါ အမျိုးသမီး ၄ ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကျွဲဖြူချောင်းကျေးရွာအနီးရှိ ချောင်းအတွင်း စက်လှေတိမ်းမှောက်ရာက ကလေး ၂ ဦးအပါ အမျိုးသမီး ၄ ဦး သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၁၉ ရက် မနေ့နေ့လယ် ၂ နာရီခန့်မှာ ကျွဲဖြူချောင်းရွာဘုန်းကြီးကျောင်းက‌နေ ဝါဆိုသင်္ကန်းကပ်ပြီး စက်လှေနဲ့အပြန် ကျေးရွာအနီးချောင်းထဲမှာ စက်လှေတိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။

"ကျနော်တို့ သိရသလာက်က ကျွဲဖြူချောင်းဆရာတော်ထံကို နှစ်တိုင်း ဝါဆိုသင်္ကန်းလာကပ်နေကြလို့ သိရတယ်။ ခုလည်းအပြန်မှာဘယ်လိုဖြစ်ပြီး လှေမှောက်လဲဆိုတာတော့မသိရဘူး။ ချောင်းကလည်းအကြီးတော့ မဟုတ်ဘူး။ မိုးတွင်းဆိုတော့ ရေတော့များတယ်" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသွားသူတွေဟာ ရန်ကုန်မြို့၊ သာကေတမြို့နယ်နေ အသက် ၄ နှစ်၊ ၁၅ နှစ်၊ ၄၃ နှစ်နဲ့ ၅၀ နှစ်ကျော်အရွယ် အမျိုးသမီး ၄ ဦးဖြစ်ပြီး စက်လှေပေါ်မှာ လူ ၁၁ ဦးလိုက်ပါလာတဲ့အနက် ၇ ဦးကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားသူတွေရဲ့ အလောင်းတွေကိုတော့ သနပ္ပင်ဆေးရုံမှာပို့ထားရပြီး ဇူလိုင်လ ၂၀ ရက် ဒီကနေ့ မနက်ပိုင်းမှာတော့ ရုပ်အလောင်းတွေကို လူမှုကူညီရေးအသင်းတွေက ရန်ကုန်ကိုပြန်ပို့ပေးနေတယ် လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #သနပ်ပင် #စက်လှေတိမ်းမှောက် #လူသေဆုံး #ဝါဆိုသင်္ကန်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10