ဝေါက ကျေးရွာ ၃ ရွာကို စစ်တပ်က အဝင်အထွက်ပိတ်ထားလို့ ဒေသခံတွေ အခက်တွေ့

ဝေါက ကျေးရွာ ၃ ရွာကို စစ်တပ်က အဝင်အထွက်ပိတ်ထားလို့ ဒေသခံတွေ အခက်တွေ့

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်က လက်ပံ၊ ပေါက်တန်းနဲ့ အောက်ကွေ့ကြီးရွာတွေမှာ စစ်တပ်က အဝင်အထွက်ပိတ်ထားတဲ့အတွက် ဒေသခံတွေစားဝတ်နေရေး အခက်ကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတပ်ဖွဲ့တွေက ရွာအဝင်အထွက်နဲ့ လှေဆိပ်တွေကို ဂိတ်ချပြီး ပိတ်ထားတာကြောင့် ဒေသခံတွေအလုပ်ကိုင်လုပ်ဖို့ ခက်ခဲရာက စားဝတ်နေရေးပါ ထိခိုက်လာတာဖြစ်ပါတယ်။ 

"အပြင်စျေးသည်တွေလည်း မဝင်ရ။ ရွာက လူတွေလည်း အပြင်ထွက် အလုပ်လုပ်မရတော့ ငတ်တော့မယ့် သဘောရှိနေတယ်။ ခုတော့ ရှိတာချွေတာစားနေရတယ်။ လက်ပံရွာက အဆိုးဆုံးပဲ"လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီကျေးရွာတွေက ဒေသခံအများစုဟာ တံငါလုပ်ငန်းနဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်သူတွေဖြစ်ပါတယ်။  

မွန် - ပဲခူး နယ်စပ်ရွာတွေဖြစ်တာကြောင့် ရိက္ခာဝယ်ယူရာမှာလည်း ဝေါမြို့ပေါ်ကို သွားရောက်ဝယ်ယူဖို့ ဝေးတာကြောင့် အနီးရှိ မြစ်ကျိုးကျေးရွာအုပ်စုနဲ့ မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ပေါ်မှာ သွားရောက် ဝယ်ယူကြရတာဖြစ်ပြီး ခုလို စစ်ကောင်စီကပိတ်ထားတဲ့အတွက် ရိက္ခာပြတ်တော့မယ့် အခြေအနေနဲ့လည်း ကြုံနေရပြီလို့ ဒေသခံတဦးက ပြောပါတယ်။ 

စက်တင်ဘာ ၂၆ ရက်က လက်ပံကျေးရွာ၊ ကုန်းပေါ်ကြီးလှေဆိပ်မှာရှိနေတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီအဖွဲ့ ပစ်ခတ်တိုက်ခိုက်ရပြီးနောက်ပိုင်း စစ်ကောင်စီအဖွဲ့တွေက ဒေသခံတွေကို ခုလို သွားလာခွင့်ပိတ်ခဲ့တာလည်း ဖြစ်ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#ပဲခူး #ဝေါ #ရိက္ခာပြတ် #စားဝတ်နေရေးအခက်တွေ့ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10