ဝေါနယ်မှာ စစ်တပ်ကာကင်းစခန်းတခုတိုက်ခိုက်ခံရလို့ ၁ ဦးသေပြီး သေနတ် ၁ လက်ရ

ဝေါနယ်မှာ စစ်တပ်ကာကင်းစခန်းတခုတိုက်ခိုက်ခံရလို့ ၁ ဦးသေပြီး သေနတ် ၁ လက်ရ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ လက်ပံရွာက စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့တိုက်ခိုက်ခံရပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးကာ ပျူစောထီး ၂ ဦးဒဏ်ရာရတယ်လို့ ဝေါမြို့နယ်ပကဖထံက သိရပါတယ်။

စက်တင်ဘာ ၂၆ ရက် ဒီနေ့ မနက် ၈ နာရီကျော်မှာ လက်ပံကျေးရွာ၊ ကုန်းပေါ်ကြီးလှေဆိပ်ရှိ စစ်တပ်ကာကင်းစခန်းနေရာကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ပစ်ခတ်မှုက သိပ်မကြာလိုက်ဘူး။ အမြန်ပစ် အမြန်ပြန်ဆုတ်ရတာပေါ့။ လက်နက်နဲ့အလောင်းတွေ ရတာရှိတယ်" လို့ ဝေါမြို့နယ်ပကဖတာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားချိန် မိနစ် ၂၀ ကျော်ကြာခဲ့ကာ တိုက်ခိုက်မှုအတွင်း BA-63 (G3) ၁ လက်၊ ကျည် ဘောက် ၄ ခု၊ ၇.၆၂ မမ ကျည် ၆၂ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မနက် ၁၀ နာရီကျော်အချိန်မှာ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် အမြောက်တပ် ၃၁၀ နဲ့ ဝေါမြို့နယ်၊ တနော်ကျွန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကိုပစ်ခတ်ခဲ့ရာ လယ်ကွက်တွေထဲ ကျရောက်ပေါက်ကွဲတာတွေရှိပြီး လူထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ PDF တပ်ရင်း ၃၇၀၂၊ တပ်ခွဲ ၄ နဲ့ တော်လှန်ရေးမဟာမိတ်ရဲဘော်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့နေ့လယ်ပိုင်းမှာတော့ စစ်ကောက်စီအင်အား ၅၀ ကျော်ဟာ ကား ၃ စီး၊ ဆိုင်ကယ် ၃ စီးနဲ့ လက်ပံရွာဘက်ကို အင်အားဖြည့်ဖို့ ရောက်ရှိလာတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက်မှာလည်း လက်ပံရွာရှိ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ဒရုန်းအပါအဝင် လက်နက်ကြီးတွေနဲ့ပစ်ခတ်ခံရလို့ ၁ ဦးသေ ဆုံး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ဝေါ #စစ်ကောင်စီတပ် #တိုက်ခိုက်ခံရမှု #လက်နက်ခဲယမ်း #သိမ်းဆည်းရရှိ #PDF #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10