ဝေါနဲ့ရွှေကျင်က တပ်စခန်း ၂ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ တပြိုင်နက်တိုက်ခိုက်နေ

ဝေါနဲ့ရွှေကျင်က တပ်စခန်း ၂ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ တပြိုင်နက်တိုက်ခိုက်နေ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြိုနယ်နဲ့ ရွှေကျင်မြို့နယ်က စစ်ကောင်စီတပ်စခန်း ၂ ခုကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၇ ရက် ဒီကနေ့မနက်အစောပိုင်းက စတင်ကာ  တပြိုင်နက်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက် မနက်အစော ၄ နာရီကျော်ကစပြီး ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာရှိ နယ်မြေရဲစခန်းနဲ့ အဆိုပါရဲစခန်းနဲ့ စစ်တောင်းမြစ်သာခြားတဲ့ ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ကျေးရွာရှိ ခမရ ၅၉၈ တပ်ကို KNLA၊ PDF တပ်တွေက ပူးပေါင်းတိုက်ခိုက်နေတာပါ။

သူရဲသမိန်ရဲစခန်းကိုတော့ ပူးပေါင်းတပ်တွေဘက်က ဝင်ရောက်စီးနင်းနိုင်ခဲ့လို့ မြစ်ကျိုးရဲစခန်းနဲ့ လက်ပံပင်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့တွေလက်က လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

ကွမ်းဆိပ်ကျေးရွာရှိ ခမရ ၅၉၈ တိုက်ပွဲကတော့ လက်ရှိအချိန်ထိ ဆက်လက်တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

နောက်ဆက်တွဲ အခြေအနေအသေးစိတ်ကို ဆက်လက်ဖော်ပြပေးပါသွားပါမယ်။

#မြေလတ်အသံ

#ပဲခူး #ဝေါ #ရွှေကျင် #သူရဲသမိန်နယ်မြေရဲစခန်း #ခမရ၅၉၈ #KNLA #PDF #ပူးပေါင်းတိုက်ခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10