ဝေါမြို့နယ်က တိုက်ပွဲမှာ ရဲစခန်းမှူးအပါ ၉ ဦးသေပြီးသေနတ် ၄ လက်ရရှိ

ဝေါမြို့နယ်က တိုက်ပွဲမှာ ရဲစခန်းမှူးအပါ ၉ ဦးသေပြီးသေနတ် ၄ လက်ရရှိ

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာရဲစခန်းကို KNLA ပူးပေါင်းတပ်တွေဘက်က သိမ်းဆည်းရရှိပြီး စခန်းတာဝန်ခံဆိုသူ ထွက်ပြေးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက် ဒီမနက် ၅ နာရီကျော်မှာ အင်အား ၅၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ရဲ ပူးပေါင်းအဖွဲ့စခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"နဂိုက စခန်းမှာ အင်အား ၂၀ ကျော်လောက်ပဲရှိတယ်။ မနေ့ကမှ အင်အား ၃၀ ကျော်လောက်ထပ်ရောက်လာတယ်လို့ သိရတယ်။ တိုက်ပွဲဖြစ်ဖြစ်ချင်းမှာ စကစဘက်က တာဝန်ခံ အရာရှိဆိုသူက အရပ််ဝတ်နဲ့ အရင်ဆုံးထွက်ပြေးသွားတာ"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ရဲစခန်းကို စတင်တိုက်ခိုက်ချိန်မှာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ကျည်ထိပြီး PDF ရဲဘော်တဦး သေဆုံးခဲ့ပါတယ်။

အဲဒီနောက်မှာ KNLA ပူးပေါင်းတပ်တွေဘက်က ဖိတိုက်ချိန် စခန်းဝင်ထဲထိဝင်ရောက်နိုင်တယ်တယ်လို့ သိရပြီး စခန်းကို မီးရှို့ဖျက်ဆီးခါနီးမှာ အညာစု၊ ဆင်ရွာ၊ လက်ပံနဲ့မြစ်ကျိူးမှာရှိနေတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကနေ လက်နက်ကြီးပစ်ကူပေးနေလို့  မီးမရှို့ရဘဲ ပြန်ဆုတ်လာရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၃ ဦး၊ ရဲစခန်းမှူးပါ ရဲ ၄ ဦး၊ ပျူစောထီးနဲ့ရာအိမ်မှူး ၂ ဦး စုစုပေါင်း ၉ ဦးသေဆုံးခဲဲ့ပြီး လက်နက် ၄ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဘက်က ဆင်ရွာ အထကကျောင်းမှာ အင်အား ၅၀ ကျော်၊ အညာစုဘုန်းကြီးကျောင်းမှာ အင်အား ၁၀၀ ကျော်နဲ့ သူရဲသမိန်ရွာမှာ အင်အား  ၅၀ ကျော်ရှိနေပြီး လက်နက်ကြီးတွေလည်း အထိုင်ချထားတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်နေချိန် စစ်ကောင်စီဘက်က ရွာခံတွေကို အပြင်ထွက်သွားလာတာမလုပ်ဖို့နဲ့ သွားလာတာတွေ့ရင် ပစ်ခတ်မယ်လို့ ဆိုတာကြောင့် ရွာခံတွေဟာ နေအိမ်တွေထဲမှာ ပိတ်မိနေခဲ့ရပါတယ်။

သူရဲသမိန်ရဲစခန်းသိမ်းတိုက်ပွဲဖြစ်နေချိန်မှာ တပြိုင်နက်တည်း ရွှေကျင်မြိုနယ် ကွမ်းဆိပ်ကျေးရွာရှိ ခမရ ၅၉၈ ကို KNLA တပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နေ့လည် ၁ နာရီထိတော့ တပ်ရင်းကို သိမ်းပိုက်နိုင်တာမျိုးမရှိသေးသလို တိုက်ပွဲအသေးစိတ်ကိုလည်း မသိရသေးပါဘူး။

ပုံစာ - ဒီနေ့မနက်ပိုင်းက သူရဲသမိန်စခန်းအား PDF/KNLA ပူးပေါင်းတပ်များ တိုက်ခိုက်နေပုံ။

စာတည်း - ဇို

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #ပဲခူး #ဝေါ #သူရဲသမိန် #ခမရ၅၉၈ #တိုက်ပွဲ #ရဲစခန်းမှူး #သေဆုံး#KNLA #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10