ဝေါမြို့နယ်ပကဖ က ရဲဘော်လူငယ် ၁ ဦး နာတာရှည်ရောဂါနဲ့ သေဆုံး

ဝေါမြို့နယ်ပကဖ က ရဲဘော်လူငယ် ၁ ဦး နာတာရှည်ရောဂါနဲ့ သေဆုံး

ပဲခူးတိုင်း၊ ဝေါမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တခုဖြစ်တဲ့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တဦး ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းမှာ နာတာရှည်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

သေဆုံးရဲဘော်ဟာ အသက် ၂၈ အရွယ် ရဲဘော်မောင်အေးဖြစ်ပြီး သူဟာ သွေးလေးဘက်နာရောဂါ ခံစားနေရသူ ဖြစ်ပါတယ်။

"တောထဲမှာနေရင်း သူ့ရောဂါက မသက်သာတော့ ဆရာဝန်က အဆုတ်ရော၊ ကျောက်ကပ်ပါ ဓာတ်မှန်ရိုက်ကြည့်ဖို့ အကြံပေးတယ်။ ဒါပေမယ့် မြို့ထဲထိ သွားလာပြသဖို့ကျတော့ အဆင်မပြေလို့ ဖြစ်ရတာ။ မနေ့က သူအမေဆီသွားချင်တယ်၊ အိမ်ပြန်ချင်တယ်လို့ ပြောတယ်။ ညပိုင်းမှာ ဆုံးသွားတယ်"လို့ ဝေါမြို့နယ်ပကဖ တာဝန်ခံကပြောပါတယ်။

ရဲဘော်မောင်အေးဟာ တော်လှန်ရေးထဲပါဝင်လာချိန်မှာ အဆိုပါရောဂါမဖြစ်သေးဘဲ တောထဲရောက်ချိန် စားသောက်နေထိုင်မှုအခြေနေတွေကြောင့် ရောဂါခံစားနေခဲ့ရကာ မသေခင်အချိန်ထိ ရောဂါဒဏ်ကို နှစ်ကြိမ် အပြင်းအထန် ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

တပ်ဖွဲ့အတွင်းမှာလည်း နာတာရှည်ရောဂါတွေကိုကုသဖို့ ဆေးဝါးမရှိဘဲ လတ်တလော ထိခိုက်ဒဏ်ရာ ရတာတွေအတွက်လောက်သာ ဆေးဝါးတွေကို ဆောင်ထားရတယ်လို့ ဆိုပါတယ်။

ရဲဘော်မောင်အေးဟာ ပထဝီမေဂျာ ဒုတိယနှစ်ကျောင်းသားဖြစ်ပြီး စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်လောက်ကတည်းက တော်လှန်ရေး လုပ်ငန်းစဥ်တွေမှာ ပါဝင်ခဲ့သလို စစ်သင်တန်းတက်ရောက်ပြီး မြို့တွင်း UG လုပ်ငန်းတွေနဲ့ စစ်ကောင်စီကို တိုက်ခိုက်တဲ့နေရာတွေမှာ ပါဝင်ခဲ့သူဖြစ်ပြီး တပ်ဖွဲ့ရဲ့ အားကိုးရသူတယောက် ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဝေါပကဖ #ရဲဘော် #နာတာရှည်ရောဂါ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10