ဝေါမှာ တွဲကားနဲ့ ခရီးသည်တင်ကား တိုက်ပြီး ၁ ဦးသေ၊ ၁၃ ဦးဒဏ်ရာရ

ဝေါမှာ တွဲကားနဲ့ ခရီးသည်တင်ကား တိုက်ပြီး ၁ ဦးသေ၊ ၁၃ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ အဗျားဘိုတဲကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ တွဲကားနဲ့ ခရီးသည်တင်ယာဥ်တိုက်ပြီး ၁ ဦးသေကာ ၁၃ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၆ ရက် မနက် ၅ နာရီ ၄၅ မိနစ်ခန့်မှာ ကျိုက်ထိုမြို့ဘက်ကနေ ဝေါမြို့ဘက်ကို မောင်းလာတဲ့ FUSO-70 (အဖြူရောင်) ၁၈ ဘီးတွဲကားဟာ ကားလမ်းမိုင်တိုင် (၇၆/၅) နဲ့  (၇၆/၆) ကြားအရောက်မှာ လမ်းပေါ်ရပ်ထားတဲ့ ၆ ဘီးကားကို ကျော်တက်ချိန် ကျိုက်ထိုဘက်ကိုလာတဲ့ ခရီးသည်တင်ကားနဲ့ တိုက်မိခဲ့တာလို့ ဆိုပါတယ်။ 

"ဖြစ်တဲ့အချိန်ကလည်း ဝေလီဝေလင်းအချိန်။ တွဲကားက ရပ်ထားတဲ့ကားကိုကျော်တက်တာ ချိတ်မိပြီး တဖက်ယာဥ်ကြောကို ရောက်သွားတာ။ အရှိန်များတာလည်းပါတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် တွဲကားမောင်းသူ အသက် ၃၀ ကျော်အမျိုးသားတဦး နေရာမှာပဲ သေဆုံးသွားပြီး ခရီးသည်တင်ကားပေါ်က အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၉ ဦး ထိခိုက်ကာ အဲ့ဒီထဲက အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ဆိုပါတယ်။ 

ထိခိုက်သေဆုံးသူတွေကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက ဝေါမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ပေးထားရတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဝေါ #ယာဥ်တိုက်မှု #ယာဥ်မောင်းသေဆုံး #ဒဏ်ရာရသူများ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10