ဝေါမှာ ပြည်သူ့စစ်အတွက် အုပ်ချုပ်ရေးမှူးတွေက ကျေးရွာတွေမှာ ငွေကြေးလိုက်လံကောက်ခံနေ

ဝေါမှာ ပြည်သူ့စစ်အတွက် အုပ်ချုပ်ရေးမှူးတွေက ကျေးရွာတွေမှာ ငွေကြေးလိုက်လံကောက်ခံနေ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ထဲက ကျေးရွာတွေမှာ ပြည်သူ့စစ်တွေအတွက် ငွေထောက်ပံပေးရမယ်လို့ဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ငွေကြေးလိုက်လံကောက်ခံနေတယ်လို့ ဝေါပကဖထံက သိရပါတယ်။

မေလဆန်းပိုင်းကစတင်ပြီး ကျေးရွာတွေမှာ ပြည်သူ့စစ်တွေအတွက် ငွေထောက်ပံ့ပေးရမယ်လို့ဆိုကာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ကျေးရွာအတွင်းက နေအိမ်တိုင်းမှာ ငွေတောင်းခံလာတာလို့ ဆိုပါတယ်။

"ခုက စကစဘက်က ပြည်သူ့စစ်အသစ်တွေ ထပ်ခေါ်နေတယ်။ အဲဒီလူတွေအတွက်ရော အရင်အဟောင်းတွေ အတွက်ရော ထောက်ပံ့ပေးရမယ်ဆိုပြီး ငွေတောင်းလို့ စိတ်ညစ်နေကြတယ်။ "လို့ ဝေါမြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။

ငွေကြေးတောင်းခံရာမှာ တရွာနဲ့တရွာ နှုန်းထားမတူဘဲ ကျပ်တသောင်းမှ ကျပ်ငါးသောင်းထိ တောင်းခံကြတယ်လို့ သိရပါတယ်။

ငွေကြေးတောင်းခံတာကိုတော့ ပြည်သူ့စစ်အားကောင်းတဲ့ သူရဲသမိန်၊ မြစ်ကျိုး၊ လက်ပံ၊ အထက်ဝိုင်းပတ်၊ ညောင်ခါးရှည်၊ ဆင်ရွာ၊ တနော်ကျွန်း၊ ဝိုင်းပတ်၊ အညာစု၊ အဗြားကျေးရွာတွေမှာ ပိုမိုတင်းတင်းကြပ်ကြပ် ကောက်ခံတာမျိုးရှိပြီး ကျန်ကျေးရွာတွေမှာတော့ အုပ်ချုပ်ရေးအဖွဲ့တွေက ကောက်ခံတာမျိုးမလုပ်ရဲကြဘူးလို့ သိရပါတယ်။

"ကျမတို့အိမ်မှာတော့ တသောင်း ကောက်တယ်။ အရင်က တခါထည့်ပေးရတယ်။ အခုတခါလာ ထပ်တောင်း တယ်။ မပေးချင်ပေမယ့် မပေးလို့လည်းမရတော့ ပေးလိုက်ရတယ်" လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါ တယ်။

အရင်အပတ်စဥ်တွေက ခေါ်ယူထားတဲ့ပြည်သူ့စစ်တွေဟာ ပြည်သူ့စစ်အားကောင်းတဲ့ရွာတွေမှာ အင်အား ၄၀ ခန့် ထိရှိနေတတ်ပြီး အင်အားနည်းတဲ့ရွာတွေမှာတော့ ၂၀ ခန့်ရှိတယ်လို့ သိရပါတယ်။

ဝေါမြို့နယ်ဟာ KNU တပ်မဟာ ၁၊ တပ်မဟာ ၃ နယ်မြေတွေနဲ့ နီးစပ်တာကြောင့် စစ်တပ်စခန်း၊ ပြည်သူ့စစ် ကျေးရွာတွေကို အချိန်မရွေးလာရောက်တိုက်ခိုက်နိုင်တယ်ဆိုပြီး ကျေးရွာတွေမှာ စစ်ကောင်စီဘက်က ပြည်သူ့စစ်အင်အားတွေထပ်တိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီအဖွဲ့ဝင်တွေမှ  ပြည်သူ့စစ်အဖွဲ့ဝင်သစ်များအား သေနတ်ပစ်သင်ပေးနေပုံ။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဝေါမြို့နယ် #ပြည်သူ့စစ် #ကျေးရွာအုပ်ချုပ်ရေးမှူး #ငွေကြေး #ဝေါပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10