ဝေါမှာ ရေကင်းစောင့်တဲ့ စစ်ကောင်စီအဖွဲ့ စနိုက်ပါနဲ့ပစ်ခံရပြီး ၂ ဦးသေ

ဝေါမှာ ရေကင်းစောင့်တဲ့ စစ်ကောင်စီအဖွဲ့ စနိုက်ပါနဲ့ပစ်ခံရပြီး ၂ ဦးသေ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် အုတ်ဖို (၁) ကျေးရွာ၊ ကမ်းနားဆိပ် ဇရပ်မှာ သဲအိတ်ဘန်ကာဆောက်လုပ်ပြီး ရေကင်းစောင့်နေတဲ့ စစ်ကောင်စီအဖွဲ့ စနိုက်ပါနဲ့ပစ်ခံရပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၆ ရက် ဒီမနက် ၁၁ နာရီလောက်မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီအဖွဲ့၀င် ၄ ဦးကို စနိုက်ပါနဲ့ပစ်ခတ်ရာ ၂ ဦးက နေရာတင် လဲကျသွားတာလို့ ဆိုပါတယ်။

"ဒီဘက်က အဖွဲ့တွေက လှေနဲ့သွားပြီး စနိုက်ပါပစ်နိုင်တဲ့ အကွာအဝေးအရောက်မှာ ပစ်ခတ်ခဲ့တာ။ ပုံမှန်ဆို အင်အား ၁၀ ဦးလောက်ရှိတာ။ မျက်မြင်ကို ၂ ယောက်လဲကျသွားတာ"လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ ဒေသကာကွယ်‌‌ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို KNU ၊ KNLA ၊ ၃၇၀၂ တပ်ခွဲ ၄ ပူးပေါင်းအဖွဲ့ မှ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီစစ်ကောင်စီအဖွဲ့ဟာ အောက်တိုဘာ ပထမအပတ်လောက်က အုတ်ဖိုကျေးရွာကို ရောက်လာတာဖြစ်ပြီး PDF တွေ စစ်တောင်းမြစ်ကိုဖြတ်ကျော် မလာနိုင်အောင် လုံခြုံရေးလာစောင့်တဲ့ အဖွဲ့တွေဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၆ ရက်ကလည်း ဝေါမြို့နယ်၊ လက်ပံရွာက စစ်ကောက်စီနဲ့ပျူအဖွဲ့ တိုက်ခိုက်ခံရပြီး စစ်သား ၁ ဦးသေကာ ပျူစောထီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #ဝေါ #စစ်ကောင်စီ #ကင်းစောင့် #စနိုက်ပါ #ပစ်ခတ် #တိုက်ခိုက် #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10