ဝေးကွာနေရသူတွေချင်း စာလွှာလေးတွေပေးပို့ အလွမ်းဖြေနိုင်မယ့် "မြေလတ်တံတား"၅

မြေလတ်ဒေသက သတင်းတွေကို အဓိကထား တင်ဆက်ပေးနေတဲ့ "မြေလတ်အသံ"ရဲ့ #မြေလတ်တံတား #Podcast အစီအစဉ်ဖြစ်ပါတယ်။
 
အခုအချိန်ကာလမှာ တယောက်နဲ့ တယောက် ဆက်သွယ်ဖို့ခက်ခဲနေရတဲ့သူတွေများစွာ ရှိပါတယ်။ ဒီလိုဆက်သွယ်ရခက်ခဲနေသူတွေကို "မြေလတ်တံတား" ကနေ ကူးလူး ဆက်သွယ်ပေးသွားမှာပါ။
 
အခုတပတ် "မြေလတ်တံတား" Podcast အစီအစဥ်မှာ နားဆင်ရမဲ့ စာလွှာလေးတွေကတော့ အဝေးတနေရာကို ရောက်နေတဲ့ အစ်ကိုအတွက် ညီမလေးတယောက်က ရေးသားပေးပို့လာတဲ့စာလွှာနဲ့ နွေဦးစာတိုက်က Admin အမကြီးကို အဝေးကငေးရင်း ချစ်နေတယ်ဆိုတဲ့ စာလွှာလေးတွေနဲ့အတူ အခြားစာလွှာလေးတွေကိုလည်း နားဆင်ကြရမှာပါ။
 
ဒီအစီအစဉ်ကို "နွေဦးစာတိုက်" အဖွဲ့နဲ့ "မြေလတ်အသံ"က ပူးပေါင်းတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10