သခင်ဒေါင်းညိုတပ်ရင်းက စာသင်ကျောင်း ၄၀ ကျော်ကို သင်ထောက်ကူပစ္စည်းတွေ ထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက အမျိုးညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ စာသင်ကျောင်း ၄၀ ကျော်ကို ထောက်ပံ့ပေးခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-သခင်ဒေါင်းညိုတပ်ရင်း ဆီကသိရပါတယ်။ 

ဧပြီလကစပြီး ဇွန်လ ၁ ရက် အထိ စာသင်ကျောင်း ၄၀ ကျော်က ကျောင်းသူ/သားဦးရေ ၄၀၀၀ ကျော်ကို ဗလာစာအုပ်နဲ့ ပညာရေးအထောက်အကူပစ္စည်းတွေ ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီစာသင်ကျောင်းတွေမှာ ဆရာ/ဆရာမ လိုအပ်ချက်များပြားနေပြီး အချို့ကျောင်းတွေမှာတော့ သင်ပြမှုပိုင်းအားနည်းသလို ကျောင်းဖတ်စာအုပ် လိုအပ်ချက်လည်း ရှိနေတယ်လို့ BNRA-သခင်ဒေါင်းညိုတပ်ရင်း ဗျူဟာမှူး သခင်ဒေါင်းညိုက ပြောပါတယ်။

ထောက်ပံ့ပေးမှုတွေနဲ့အတူ ကျောင်းသူ/သားတွေကို ပညာရေးနဲ့ပတ်သက်ပြီး အသိပညာမျှဝေပေးတာတွေကိုလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #စာသင်ကျောင်း #ပညာရေး #ထောက်ပံ့ #BNRA #သခင်ဒေါင်းညို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10