သင်္ကြန်ကာလ ညအိပ်ဧည့်သည်လက်မခံဖို့  စစ်ကောင်စီကဖိအားပေး

သင်္ကြန်ကာလ ညအိပ်ဧည့်သည်လက်မခံဖို့ စစ်ကောင်စီကဖိအားပေး

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အတွင်းက ရပ်ကွက်၊ ကျေးရွာတွေမှာ သင်္ကြန်ကာလအတွင်း နေအိမ်တွေမှာ ညအိပ်ဧည့်သည်လက်မခံဖို့ ဒေသခံတွေကို စစ်ကောင်စီဘက်ကဖိအားပေး ပြောဆိုနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တပတ်လောက်ကစတင်ပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေ တဆင့် နေအိမ်တွေကို ညအိပ်ဧည့်သည်လက်မခံဖို့ လိုက်ပြောနေတာရှိပြီး စစ်ဆေးတွေ့ရှိပါက အရေးယူမယ်လို့ ပြောဆိုနေတာတွေရှိနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။


"ဒီကာလမှာ ဧည့်သည်လာရင် နေ့ခင်းဘက်တော့ ရတယ်။ ညအိပ်လက်မခံဖို့ ပြောနေတယ်။ စာထုတ်တာတော့ မဟုတ်ဘူး။ ပါးစပ်နဲ့ လိုက်သတိပေးခိုင်းတာပေါ့။ သူတို့ကတော့ PDF တွေ စိမ့်ပြီးဝင်လာမှာ ကြောက်ပြီးလုပ်တာလို့ မြင်တယ်။ ပျူတွေကိုလည်း ကိုးလုံးတတောင့်ထိုးတွေပေးပြီး ရဲတွေနဲ့ပူးပေါင်း စစ်ဆေးခိုင်းတွေလုပ်နေတယ်" လို့ ပြောပါတယ်။

သင်္ကြန်ကာလနေအိမ်တွေမှာ အိမ်ထောင်စုဇယားပါ မိသားစုဝင်တွေကိုသာ ညအိပ်လက်ခံရမှာဖြစ်ပြီး ကျန်သူတွေကို ညအိပ်လက်မခံရဘူးလို့ ဆိုပါတယ်။

လတ်တလောအခြေနေမှာ စစ်ကောင်စီဘက်က တပတ်မှာ ၂ ကြိမ် ဧည့်စာရင်းစစ်နေတာရှိပြီး စစ်ဆေးချိန်မှာ အိမ်ထောင်စုဇယားနဲ့လူဦးရေကို တိုက်ဆိုင်စစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျေးရွာတွေမှာ ပျူစောထီးအဖွဲ့တွေနဲ့တွဲပြီး လူဝင်လူထွက်တွေကို စောင့်ကြည့်ဖို့ ဒေသခံမဟုတ်တဲ့ သူ ၂ ဦးကို ထားရှိ စောင့်ကြည့်ခိုင်းတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

မြန်မာဓလေ့အရ သင်္ကြန်ကာလမှာ ရပ်ဝေးမှာရှိနေတဲ့ မိသားဝင်တွေဟာ နေအိမ်ကို ပြန်လာကြတာ၊ သက်ဆိုင်ရာဆွေမျိုးတွေဆီ အလည်အပတ်သွားတာတွေရှိနေပေမယ့် စစ်ကောင်စီဘက်က ပြည်သူတွေကို ဖိနှပ်ဖို့ နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10