သင်္ကြန်ပွဲတော်နဲ့ ရွှေမော်ဓောဘုရားပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး စစ်ကောင်စီကြိုးပမ်း

သင်္ကြန်ပွဲတော်နဲ့ ရွှေမော်ဓောဘုရားပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး စစ်ကောင်စီကြိုးပမ်း

ပဲခူးမြို့၊ ရွှေမော်ဓောဘုရားပွဲနဲ့ သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက စီစဉ်နေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

"စကစဘက်ကတော့ ပဲခူးဟာ ပုံမှန်လည်ပတ်နေပါတယ်ဆိုပြီး ပြချင်လို့ လုပ်နေတာပါပဲ။ ဒီလထဲမှာလည်း ပဲခူးရွှေမော်ဓောဘုရားပွဲလုပ်ဖို့လည်း ရှိနေတယ်။ သင်္ကြန်လည်း စည်ကားအောင်လုပ်ဖို့စီစဥ်နေတယ်လို့ သိရတယ်။ အချို့နေရာတွေမှာ မဏ္ဍပ်တွေလုပ်နေပြီ။ သူတို့တိုင်းရုံးရှေ့မှာလည်း လုပ်နေတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ရွှေမော်ဓောဘုရားပွဲမှာ ဇာတ်ပွဲ ၃ ပွဲ၊ မျက်လှည့်ပွဲ ၁ ပွဲအပါအဝင် စျေးဆိုင်တွေနဲ့ ပွဲတော်ကို ကျင်းပဖို့စီစဥ်နေသလို တိုင်းရုံးရှေ့ သင်္ကြန်မဏ္ဍပ်မှာ လူ ၃,၀၀၀ စာ စတုဒိသာနေ့စဥ်ကျွေးမွေးဖို့နဲ့ ရပ်ကွက်အလိုက် ယိမ်းအဖွဲ့တွေ ထွက်ကဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရပ်ကွက်အလိုက် စတုဒိသာအဏ္ဍပ်တွေလုပ်ပြီး ဧည့်ခံဖို့၊ ရေကစားမဏ္ဍပ်တွေ လုပ်ကြဖို့ အုပ်ချုပ်ရေး အဖွဲ့တွေကို ဖိအားပေးထားတယ်လို့ ဆိုပါတယ်။

ယိမ်းအဖွဲ့တွေကိုလည်း ဆုသဘောအနေနဲ့ စုစုပေါင်းငွေကျပ်သိန်း ၁၆၀ ထိ ချီးမြှင့်ဖို့ မက်လုံးပေးထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

၂၀၂၃ သင်္ကြန်ကာလက ပဲခူးမြို့အတွင်းမှာ  စစ်ကောင်စီပဲခူးတိုင်းရုံးရှေ့သင်္ကြန်မဏ္ဍပ်မှာ ကား၊ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာခွင့်ပိတ်ထားခဲ့ပြီး လူတွေကိုပဲ ခြေလျင်လမ်းလျှောက်ခိုင်းသလို မြို့တွင်းမှာလည်း စစ်ကောင်စီအဖွဲ့တွေ လုံခြုံရေးစောင့်ကြပ်တာတွေရှိခဲ့ပါတယ်။ 

ပုံစာ - ၂၀၂၃ ခုနှစ် ပဲခူးစစ်ကောင်စီတိုင်းရုံးရှေ့က သင်္ကြန်မဏ္ဍပ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးမြို့ #ရွှေမော်ဓောဘုရား #သင်္ကြန် #စစ်ကောင်စီ #အုပ်ချုပ်ရေးအဖွဲ့ #မဏ္ဍပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10