သစ်ခိုးထုတ်စစ်သားတွေကို လုံခြုံရေးပေးတဲ့စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၉ ဦးသေဆုံးပြီး လက်နက်၊ ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့

သစ်ခိုးထုတ်စစ်သားတွေကို လုံခြုံရေးပေးတဲ့စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၉ ဦးသေဆုံးပြီး လက်နက်၊ ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ဒေသအခေါ် စည်သူသစ်ကွင်းမှာ သစ်ခိုးထုတ်နေတဲ့ စစ်သားတွေကို လုံခြုံရေးပေးနေတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါစစ်ကြောင်းကို စက်တင်ဘာလ ၆ ရက် မနေ့မနက်ပိုင်းမှာ PDF ပူးပေါင်းအဖွဲ့တွေက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Union Liberation Front-ULF တပ်ပေါင်းစုအဖွဲ့ဆီက သိရပါတယ်။

စည်သူသစ်ကွင်းမှာ ဩဂုတ်လဆန်းပိုင်းက စတင်ကာ မုံရွာ နမခ ကနေ လာရောက် သစ်ခိုးထုတ်နေတာဖြစ်ပြီး အဲ့ဒီသစ်ကွင်း လုံခြုံရေးစစ်ကြောင်းကို ကျောင်းကုန်းရွာအနောက်ဘက် တောပြင်မှာ မနက် ၈ နာရီကနေ ၁၀ နာရီကျော်အထိ  ၂ နာရီကျော်အကြာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 အဲဒီစစ်အုပ်စုဟာ စည်သူသစ်ကွင်းက ပြည်သူပိုင်သစ်တွေကို ခိုးထုတ်နေတဲ့စစ်ကြောင်းကို ကာပေးနေတာ။ သစ်ကွင်းနဲ့စစ်ကြောင်းက ရွာ ၄၊ ၅ ရွာလောက်ခြားမယ်”  လို့ ULF တပ်ပေါင်းစုတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

၂ နာရီအကြာ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးကာ ၆  ဦး ဒဏ်ရာရရှိခဲ့ပြီး  MA - 1 ၂ လက်၊ MA - 2 ၁ လက်၊ ၅.၅၆ မမ ကျည် ၄၀၀ တောင့်၊ ကျည်ဘောက် ၁၇ ဘောက်၊ Icon ၁ လုံး နဲ့ ဖုန်း ၁ လုံးတို့ သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။ 


ကျနော်တို့ မျက်မြင်ကိုယ်တွေ့ သေတာကတော့ ၄ ယောက်ပါ။ တပ်တွင်းသတင်းပေးချက်အရ နောက်ထပ် ၅ ယောက်သေပြီး ဒဏ်ရာပြင်းထန်တွေလည်းရှိတယ်”  လို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Union Liberation Front - ULF တပ်ပေါင်းစု၊ နဂါးညီနောင်တပ်ဖွဲ့ (DBTF)၊ ဗိုလ်မုတ် ဆိတ်တပ်ဖွဲ့၊ ချိုမိုင်မိုင် တော်လှန်ရေးအင်အားစု၊ ဗျတ္တညီနောင်၊ ချင်းတွင်းတိုက်ဂါး (LPDF)၊ ဗိုလ် ထွန်းတောက် (LPDF)၊ Chindwin Myay Division PDF (တပ်ခွဲ)၊ B Two Fighters၊ Bant Two၊ Alpha Column မှ ခွဲ (၁) Alpha Special Force၊ ခွဲ(၂) Triple Two Task Force၊ ခွဲ (၃) Chindwin Galone Yarzar Gureilla၊ ခွဲ (၄) Monywa Truth Of Force၊ ခွဲ (၅) Yinmarbin Local PDF၊ KLG Column (တပ်ရင်း ၂၁၊၂၂၊၂၃) တို့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#ယင်းမာပင် #တိုက်ပွဲသတင်း #နမခ #စစ်ကောင်စီတပ် #သေဆုံးမှု #UFL #တပ်ပေါင်းစု #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10