သစ်ချိုကုန်းရွာ ၅ ရက်ဆက်တိုက်ခိုက်ခံရပြီး ပျူစောထီး ၃ ဦးဒဏ်ရာပြင်းထန်ရ

သစ်ချိုကုန်းရွာ ၅ ရက်ဆက်တိုက်ခိုက်ခံရပြီး ပျူစောထီး ၃ ဦးဒဏ်ရာပြင်းထန်ရ

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ သစ်ချိုကုန်းကျေးရွာမှာ ဒရုန်းနဲ့  ၅ ရက်ဆက်တိုက်ခိုက်ခံရပြီး ပျူစောထီး ၃ ဦးဒဏ်ရာပြင်းထန်ရတယ်လို့ ပေါက်တောင်ပိုင်း ကျီးကန်းတပ်ဖွဲ့ ပကဖ ထံက သိရပါတယ်။

ဇန်နဝါရီ ၂၆ ရက်မှ ၃၀ ရက်အတွင်း သစ်ချိုကုန်းရွာကို ဒရုန်းနဲ့ အကြိမ် ၃၀ ခန့် ဗုံးချတိုက်ခိုက်ခဲ့သလို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့လည်း တိုက်ပွဲ ၂ ကြိမ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

"ဒရုန်းတစီးတည်းနဲ့ ခေါက်တုံခေါက်ပြန်သွားချနေရတာ။ ကြားထဲမှာလည်း စကစ ဘက်က စစ်ကူလာတဲ့ အဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်ခဲ့သေးတယ်။ ပျူတွေထိခိုက်တာက မိုင်းဆွဲတာနဲ့ ဒရုန်းဗုံးချချိန်မှာထိတာ" လို့ ပေါက်တောင်ပိုင်း ကျီးကန်းတပ်ဖွဲ့ ပကဖ တာဝန်ခံကပြောပါတယ်။

ဇန်နဝါရီ ၂၇ ရက်နဲ့ ၂၈ ရက်မှာလည်း သစ်ချိုကုန်းကျေးရွာနဲ့ သပြေအေးကျေးရွာကြားမှာ အင်အား ၃၀ ကျော်နဲ့စစ်ကူလာတဲ့ စစ်ကောင်စီအဖွဲ့နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ နှစ်ရက်ဆက် တိုက်ပွဲ ဖြစ်ခဲ့ပါသေးတယ်။

တိုက်ပွဲအတွင်းမှာတော့ ပျူစောထီး ၁ ဦး မိုင်းထိလို့  ဒဏ်ရာပြင်းထန်ရခဲ့ပြီး သစ်ချိုကုန်းရွာကို ဒရုန်းဗုံးချ တိုက်ခိုက်မှုကာလအတွင်းမှာတော့ ပျူစောထီးအမျိုးသမီး ၁ ဦးနဲ့အမျိုးသား ၁ ဦးဒဏ်ရာပြင်းထန်ရခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကိုတော့ ပေါက်မြို့နယ် ပကဖ ပေါက်တောင်ပိုင်းကျီးကန်းတပ်ဖွဲ့၊ မကွေးတိုင်းပကဖ Drone လက်ရုံးတပ်ဖွဲ့၊  သိန်းငှက်နက်၊ ဆိပ်ဖြူတော်လှန်ရေးတပ်ဦးတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကလည်း ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာက စစ်ကောင်စီရဲစခန်းကို PDF ပူးပေါင်းတပ်တွေဘက်က ဝင်ရောက်တိုက်ခိုက်ချိန် PDF တွေဘက်က ၂၀ ခန့်သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ဦးခန့်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မကွေးတိုင်း #ပေါက်မြို့နယ် #သစ်ချိုကုန်း #ပျူစောထီး #ဒရုန်းဗုံးကြဲခံရ #စစ်ကောင်စီ #ပကဖ #တော်လှန်ရေးအင်အား #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10