သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေငန်းကျေးရွာအုပ်စုနဲ့ ပိတောက်ခင်ကျေးရွာ အုပ်စုမှာ သစ်မှောင်ခိုသမားတွေအပါအဝင် အမျိုးသား ၅ ဦး သတ်ခံရပြီး ကား ၄ စီး မီးရှို့ခံရတယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၂၂ ရက် မနက် ၂ နာရီခန့်မှာ ရေငန်းကျေးရွာအုပ်စု မြောင်သာကျေးရွာနဲ့ မအူကျေးရွာကြား တောစပ်မှာ သစ်မှောင်ခိုလုပ်သူ အမျိုးသား ၃ ဦး သတ်ခံထားရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ဖြစ်တာက တောထဲ သစ်မှောင်ခိုလုပ်တဲ့သူ ၂ ဦးနဲ့ အိမ်အတွက် သစ်ခုတ်ဖို့သွားတဲ့သူ ၁ ဦး သိရတယ်။ လက်နက်ကိုင်အဖွဲ့နဲ့တိုးပြီး အဆင်မပြေ ဖြစ်ကြတယ်နဲ့တူတယ်။ ၃ ယောက် သတ်ခံရတယ်။ ၂ ယောက် အဖမ်းခံရသေးတယ်လို့ သိရတယ်။ နောက်တရွာမှာကျတော့ အမျိုးသား ၂ ဦး ထပ်အသတ်ခံရသေးတယ်။ သူတို့ကျတော့ ဘယ်ကလူတွေ ဘာကြောင့် သတ်ခံရတယ်ဆိုတာ မသိရဘူး" လို့ ပြောပါတယ်။
မြောင်သာနဲ့ မအူကျေးရွာကြားမှာ သတ်ခံရသူတွေဟာ ဂျိုကာ(ခ) ကိုဦးနဲ့ ကုလားကြီး (ခ) ဝင်းမြင့် သာဂရနေသူ၊ ကမ္မနီကျေးရွာနေ အမျိုးသား ၁ ဦး စုစုပေါင်း ၃ ဦး အသတ်ခံရပြီး ကား ၃ စီး မီးရှို့ခံရသလို တောခေါင်း ၁ ဦး အပါအဝင် ၂ ဦးကို လက်နက်ကိုင်အဖွဲ့က ဖမ်းသွားတယ်လို့ ဆိုပါတယ်။
အဲ့ဒီနေ့ ညနေ ၄ နာရီခန့်မှာ ပိတောက်ခင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအနောက်ဘက် အောင်ကိုးတောင်သွားလမ်းအနီးမှာ အမျိုးသား ၂ ဦး ပစ်သတ်ခံထားရပြီး ကား ၁ စီး မီးရှို့ခံထားရသေးတယ်လို့ သိရပါတယ်။
အဲဒီနေရာမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ၂ ဦးဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာနဲ့ ဘယ်အဖွဲ့က ဘာကြောင့်သတ်ဖြတ်သွားတယ်ဆိုတာ မသိရသေးပါဘူး။
ရေတာရှည်မြို့နယ်မှာ သစ်မှောင်ခိုသမားတွေနဲ့ လက်နက်ကိုင်ထားသူတွေအကြား ဆပ်ကြေးကိစ္စ၊ မှောင်ခိုသမားအချင်းချင်း အဝေမတည့်မှုတွေကြောင့် ပစ်ခတ်သတ်ဖြတ်မှုတွေ မကြာခဏဖြစ်နေတယ်လို့ သိရပါတယ်။
#မြေလတ်အသံ
Share Share Share