သန်းခေါင်စာရင်းကောက်ရင်း ဧည့်စာရင်းပါစစ်ပြီး မတိုင်ထားသူတွေကို ဖမ်းဆီး

သန်းခေါင်စာရင်းကောက်ရင်း ဧည့်စာရင်းပါစစ်ပြီး မတိုင်ထားသူတွေကို ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြို့ပေါ်ရပ်ကွက်တွေမှာ သန်းခေါင်စာရင်းကောက်ယူမှုတွေ ပြုလုပ်နေပြီး ‌ဧည့်စာရင်းမတိုင်တဲ့သူတွေတွေ့ရင် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂ရက်၊ မနေ့က ရွှေဘိုမြို့၊ အမှတ် ၃ ရပ်ကွက်ကို ကောက်ယူပြီးစီးသွားပြီဖြစ်ကာ စစ်ကောင်စီတပ်သားတွေက လုံခြုံရေးလိုက်ပေးပြီး ရပ်ကွက်လူကြီးတွေနဲ့ ဆရာ၊ ဆရာမတွေက စာရင်းကောက်နေတာလို့ ဆိုပါတယ်။

“ရပ်ကွက်ရဲ့ထိပ်တိုင်း၊ ထွက်လမ်း ဝင်လမ်းတွေမှာ အကုန်လုံး **တွေ ပိတ်ပြီးမှ ကောက်တာ။ သူတို့လုပ်တာက ဧည့်စာရင်း စစ်တာလို့ပြောတာ။ ဒါပေမယ့် သန်းခေါင်စာရင်းတွေ ကောက်တာ။”လို့ ရွှေဘိုဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

သန်းခေါင်စာရင်းကောက်ယူရင်း ဧည့်စာရင်း မတိုင်ထားတဲ့အတွက်ဟုဆိုကာ အမျိုးသားတချို့ ဖမ်းဆီးခံရတာတွေရှိနေပြီး ဆိုင်ကယ်မောင်းရင်း ဖမ်းဆီးခံရသူတွေအပါအဝင် အယောက် ၂၀ ဝန်းကျင် အဖမ်းခံလိုက်ရတယ်လို့ ဆိုပါတယ်။

“သန်းခေါင်စာရင်း ကောက်ရင်းနဲ့ ဧည့်စာရင်း မတိုင်ထားတာတွေရှိရင် တန်းဆွဲသွားတယ်။ မန္တလေးဘက်ကို ပါသွားတာ၊ လိုက်ရွေးတာ ရွေးလို့ မရဘူး။”လို့ ရွှေဘိုဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

စစ်ကောင်စီက အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်ထိ တနိုင်ငံလုံးအတိုင်းတာနဲ့ သန်းခေါင်စာရင်း ကောက်ယူမှာဖြစ်ပြီး မေးခွန်း ၆၈ ခုကို မေးမြန်းမယ်လို့ သိရပါတယ်။

ပုံစာ - အောက်တိုဘာ ၂ရက်က တမူးမြို့နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူနေစဉ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #သန်းခေါင်စာရင်း #ဧည့်စာရင်း #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10