သပိတ်ကျင်း တတက ၁၃ က စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ယာဉ်တန်း မိုင်းဆွဲခံရပြီး ၂ ဦး သေဆုံး

သပိတ်ကျင်း တတက ၁၃ က စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ယာဉ်တန်း မိုင်းဆွဲခံရပြီး ၂ ဦး သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ရွှေစကားကျေးရွာအနီး ဗန်းမော်-မန္တလေးလမ်းပိုင်းမှာ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ၂ ဦးသေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ကြာညပ်ထံက သိရပါတယ်။

သပိတ်ကျင်းအခြေစိုက် အမှတ် ၁၃ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတ က ၁၃)တပ်က အင်အား ၄၀ ကျော်ပါ စစ်ယာဉ်တန်း ၃ စီးဟာ တကောင်းမြို့တောင်ဘက်ကနေထွက်လာချိန် ဩဂုတ်လ ၅ ရက် မနက် ၇ နာရီခွဲခန့်မှာ မိုင်း ၅ လုံးဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"မိုင်းဆွဲခံရလို့ ကားတစီးက ထိုးရပ်သွားတယ်။ ကျန်တဲ့ကားတွေလည်းရပ်ပြီး ထိခိုက်သေတဲ့သူတွေကို ကားပေါ်ပြောင်းတင်ပြီး ၃ မိုင်ကျေးရွာနားရောက်တော့ နာရေးကားနဲ့ပြောင်းတင်တယ်။ ပြီးတော့မှ ကြာအင်းစစ်ဆေးရုံဘက်ကို သယ်သွားတာကို သိရတယ်" ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကြာညပ်မှ ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်သေဆုံးမှုရှိခဲ့တဲ့ စစ်ကောင်စီအဖွဲ့တွေဟာ အနီးတဝိုက်ကို လက်နက်ငယ်နဲ့ ပစ်ခတ်တာတွေရှိသလို လမ်းသွားလမ်းလာ အမျိုးသား ၃ ဦးကိုလည်း PDF လို့ စွပ်စွဲကာ ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။ 

မိုင်းဆွဲခံရပြီး အဆိုပါစစ်ယာဉ်တန်းနဲ့ စစ်ကောင်စီတပ်သားတွေဟာ တွင်းငယ်ကျေးရွာအနီးရှိ အမှတ် (၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းထဲကို ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၁၉ ရက်မှာ သပိတ်ကျင်းမြို့နယ်၊ ကိုးပင်ရွာအနီးမှာ နာရေးကား အသုံးပြုပြီး ကင်းလှည့်နေတဲ့ အင်အား ၁ဝ ဦးပါ စစ်ကောင်စီအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေ ရှိခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ - ကြာညှပ် PDF တပ်ဖွဲ့ဝင်များ စစ်ကြောင်းထွက်နေစဉ်။ 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မန္တလေး #သပိတ်ကျင်း #စစ်ယာဉ်တန်း #မိုင်းဆွဲခံရ #တတက၁၃ #သေဆုံးမှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10