သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတောင်ပေါ်ရှိ စစ်ကောင်စီတပ်လက်အောက်ခံ ရဲကင်းစခန်းကို စီးနင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်က ဒီကနေ့ ဇူလိုင် ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါစခန်းကို ဇူလိုင် ၂၅ ရက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အမှတ် ၁ စစ်ဒေသ၊ မန္တလေးတိုင်း PDF တာဝန်ခံကွပ်ကဲရေးရုံးရဲ့ကွပ်ကဲမှုနဲ့ အမှတ် ၃ အထူးတပ်ရင်း၊ သပိတ်ကျင်းမြို့နယ်ပကဖတို့က စီးနင်းတိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထံမှ လက်နက်ငယ် ၁၂ လက်၊ ခြောက်လုံးပြူး ၁ လက်၊ ကျည်အိမ် ၂၈ ခု၊ ကျည်မျိုးစုံ ၁၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ခေါ် ရှမ်း-မန်းစစ်ဆင်ရေး ထိုးစစ်အတွင်း မန္တလေးတိုင်း၊ မိုးကုတ်နဲ့ စဉ့်ကူးကို တော်လှန်ရေးပူးပေါင်းတပ်တွေက အလုံးစုံသိမ်းပိုက်ထားနိုင်ပြီး မတ္တရာမြို့နယ်က တပ်စခန်း ၃၀ နီးပါးကိုလည်း သိမ်းပိုက်ထားနိုင်ကာ သပိတ်ကျင်းမြို့ကို ဆက်လက်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။
#မြေလတ်အသံ
#မန္တလေး #သပိတ်ကျင်း #တကောင်းတောင် #ရဲကင်း #စခန်းသိမ်းတိုက်ပွဲ
Share Share Share