သပိတ်ကျင်းနယ် တပတ်တာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား အများအပြား သေဆုံးဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာအထက်ပိုင်းရွာတွေကို ဝင်ရောက်နေတဲ့ စစ်ကြောင်းကိုတိုက်ခိုက်ရာ တပတ်အတွင်း စစ်ကောင်စီတပ်သား သေဆုံးဒဏ်ရာရသူ များပြားခဲ့တယ်လို့ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

စစ်သားအင်အား ၂၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းကို အောက်တိုဘာ ၁၁ ရက်ကနေ ၂၀ ရက်အထိ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်သား ၄၀ ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရခဲ့တယ်လို့  တပ်ဖွဲ့ ဒုတာဝန်ခံက ပြောပါတယ်။

စစ်ကြောင်းကို အောက်တိုဘာ ၁၄ ရက်မှာ ဒရုန်းနဲ့စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရက်ဆက်ဆိုသလို ဒရုန်းနဲ့ဗုံးကြဲတာ ပစ်ခတ်တိုက်ခိုက်တာ ဖြစ်ပွားရာနေရာတွေကတော့ မတောင်ရွာအနီးတိုက်ပွဲ၊ မတောင်ရွာနဲ့ သရက်ခြံအကြားတိုက်ပွဲ၊ ပေါတော်မူရေယာဉ်အနီး တိုက်ပွဲတို့အပြင် တခြားထိတွေ့ပစ်ခတ်မှုတွေလည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ အထိခိုက်သေဆုံးများခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရက်ရှည်ကြာမှုကြောင့် စစ်ပန်းလာရာ ပြန်လည်ဆုတ်ခွါခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ ဘက်တံဆိပ်တွေအရ တပ်မ ၄၄ နဲ့ တပ်မ ၆၆ က စစ်သားတွေဖြစ်ကြပြီး ဒဏ်ရာရတဲ့သူတွေကို ကြာညက်ကနေတဆင့် မန္တလေးကို ရွှေ့ပြောင်းသယ်သွားပြီး တိုက်ခိုက်ခံရတဲ့စစ်သားတွေဟာ တကောင်းဘက်ကိုစစ်ကြောင်းထိုးသွားတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #မန္တလေးတိုင်း #သပိတ်ကျင်း #စစ်ကောင်စီတပ်ဖွဲ့ #ပကဖ #TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့  #ထိတွေ့တိုက်ပွဲ #ဒရုန်းတိုက်ခိုက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10