သပိတ်ကျင်းမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲ၊ ဒေသခံ ၈၀ကျော် အဖမ်းခံထားရ

သပိတ်ကျင်းမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲ၊ ဒေသခံ ၈၀ကျော် အဖမ်းခံထားရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ငါးတန့်အိုင်ကျေးရွာအနီးကို ဒီဇင်ဘာ၂၇ ရက် မနက် ၉ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဒေသခံ ၈၃ ဦး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်လေယာဥ် ၁ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ပြီးနောက် မြေပြင်စစ်ကောင်စီတပ်သား ၈၀ ကျော်က ငါးတန့်အိုင်ကျေးရွာထဲကို ဝင်ရောက်လာကာ ရွာခံအမျိုးသား၊ အမျိုးသမီးတွေကို ဖမ်းဆီးထားတာဖြစ်ပါတယ်။

မြေပြင်မှာ စစ်ကြောင်းထိုးလာတဲ့အတွက် လမ်းကြောင်းရှင်းတဲ့အနေနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

"ဗုံးကြဲလို့ သေဆုံးဒဏ်ရာရသူ ရှိ၊ မရှိကို မသိရသေးဘူး။ မြေပြင် စကစတွေအတွက် လမ်းကြောင်းရှင်းတဲ့ သဘော။ ရွာမှာပိတ်မိကျန်ခဲ့တဲ့သူတွေကို ဘုန်းကြီးကျောင်းမှာဖမ်းထားတာ" လို့ အဖမ်းခံရတဲ့အထဲက တယောက်ရဲ့ ဆွေမျိုးတဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်သားတွေက ငါးတန့်အိုင်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားသလို ဖမ်းဆီးခံထားရသူတွေနဲ့လည်း ဖုန်းအဆက်သွယ်ပြတ်တောက်နေတယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၅ ရက်မှာ ငါးတန့်အိုင်ကျေးရွာနဲ့ ၄ မိုင်ခန့်ဝေးတဲ့ ချောင်းကြီးကျေးရွာအနီးမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်သားတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပေမယ့် ချောင်းကြီးရွာထဲ မဝင်ရောက်ခဲ့ကြဘူးလို့ သိရပါတယ်။

ငါးတန့်အိုင်ကျေးရွာထဲ ဝင်ရောက်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့တပ်ရင်းအမည်ကို မသိရှိရပေမယ့် ၎င်းတို့ဟာ သပိတ်ကျင်းမြို့ပေါ်ကနေ ထွက်လာခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #သပိတ်ကျင်းမြို့နယ် #ငါးတန့်အိုင်ကျေးရွာ #လေကြောင်း #ဗုံးကြဲ #စစ်ကောင်စီ #အရပ်သား #ဖမ်းဆီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10