သပိတ်ကျင်းမှာ လေပြင်းတိုက်ချိန် သစ်ပင်ပိလို့ ၃ နှစ်အရွယ်ကလေးငယ်နဲ့ မိခင်ဖြစ်သူ သေဆုံး

သပိတ်ကျင်းမှာ လေပြင်းတိုက်ချိန် သစ်ပင်ပိလို့ ၃ နှစ်အရွယ်ကလေးငယ်နဲ့ မိခင်ဖြစ်သူ သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာမှာ လေပြင်းတိုက်ချိန် သစ်ပင်ပိလို့ ၃ နှစ်အရွယ်ကလေးငယ်နဲ့ အမေဖြစ်သူတို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မေလ ၁ ရက်ည ၁၁ နာရီခန့်မှာ မိုးရွာလေပြင်းတိုက်လို့ လိပ်ကျကျေးရွာ၊ အမှတ်(၃) ရပ်ကွက်ရှိ မယ်ဇလီပင်မှာ အနီးရှိနေအိမ်ပေါ်က ပြိုလဲကျခဲ့ရာမှ သေဆုံးခဲ့ကြတာလို့ ဒေသခံတဦးက ပြောပါတယ်။


"ဖြစ်တဲ့အချိန်က ညဘက်လေထိလို့ အပင်က အိမ်ပေါ်ပြိုကျတယ်။ မယ်ဇလီပင်က အမြစ်ကလည်း မခိုင်ဘူးလေ။ အိမ်ကလည်း တဲအိမ်ခြေတံရှည် ထရံကာ၊ သွပ်ကိုတောင် ဝါးညှပ်မိုးထားရတာ။ ဖြစ်တဲ့အချိန်မှာလည်း သူ့အမျိုးသားက ရွှေမျော ညဆိုင်းသွားလို့ သားအမိနှစ်ယောက်တည်း အိမ်မှာရှိတာ။ တရွာလုံးမှာ သူတို့တအိမ်တည်း ဖြစ်သွားတာ" လို့ ပြောပါတယ်။

သစ်ပင်ပိလို့ နေအိမ်ထဲအိပ်နေတဲ့ မကြည်လဲ့လဲ့ဦး ၂၂ နှစ်နဲ့ သမီးဖြစ်သူ မထက်ရတီအောင် ၃ နှစ် တို့မှာ နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီညမှာတင် ရေထွက်ကျေးရွာမှာ လေပြင်းထိလို့ ဓာတ်မီးတိုင် ၁၃ တိုင်လဲ၊ သစ်ပင်တွေလဲတာတွေရှိခဲ့ပြီး လူနေအိမ်ခြေတွေ ထိခိုက်တာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10