သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့က မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီဘက်က ထောင်အနှစ် ၂၀ ထပ်မံချခဲ့လို့ စုစုပေါင်း ထောင်ဒဏ် ၅၂ ထိရှိလာပြီလို့ သိရပါတယ်။
မေလ ၁၉ ရက် ဒီနေ့မှာ မုံရွာအကျဥ်းထောင် အထူးတရားရုံးကနေ ကိုဝေမိုးနိုင်ကို နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ အရ ထောင်ဒဏ် အနှစ် ၂၀ ကျခံဖို့ ထပ်မံအမိန့်ချခဲ့တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက ပြောပါတယ်။
"ဒီနေ့ အမိန့်ထပ်ချတာဖြစ်တယ်။ စကစ လက်အောက်ခံ တရားရုံးတွေက အမိန့်ချတာကို အသိအမှတ်မပြုသလို လက်ခံသွားမှာလည်း မဟုတ်ပါဘူးဗျ။ စစ်တပ်အလိုကျ လုပ်ဆောင်နေတဲ့ တရားရုံးတွေရဲ့ အခုလို မတရားအမိန့်ချတာတွေကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချပါတယ်။ လက်ရှိမှာ သူကထောင်ထဲမှာ ကျန်းမာရေးကောင်းတယ်။ သူအမေနဲ့ တခါတခါတွေ့ခွင့်ရတယ်လို့ သိရတယ်" လို့ ပြောပါတယ်။