သမီးရည်းစားချိန်းတွေ့စဥ် ကောင်လေးက ကောင်မလေးကို ဓါးနဲ့ထိုးသတ်

သမီးရည်းစားချိန်းတွေ့စဥ် ကောင်လေးက ကောင်မလေးကို ဓါးနဲ့ထိုးသတ်

ပဲခူးတိုင်း၊ ဖြူးမြို့၊ ဗထူးရပ်ကွက် ၆ လမ်း ဘုန်းကြီးကျောင်းအနီးမှာ သမီးရည်းစားချင်း ချိန်းတွေ့စဥ် ကောင်လေးက ကောင်မလေးရဲ့လည်ပင်းကို ဓါးနဲ့ထိုးသတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ်ပိုင်းက အသက် ၂၅ နှစ်အရွယ် မခြူးခက်နွယ်ဟာ အသက် ၂၀ အရွယ် ချစ်သူကောင်လေးနဲ့ ချိန်းတွေ့စဥ်မှာ ကောင်လေးက သူ့မှာအသင့်ပါလာတဲ့ဓားမြှောင်နဲ့ လည်ပင်းကို ထိုးခဲ့တာလို့ဆိုပါတယ်။

" ဘယ်လိုကိစ္စကြောင့် ခုလိုဓားနဲ့ထိုးတဲ့ အခြေနေထိဖြစ်သွားလဲဆိုတာတော့ မသိရဘူး။ ကောင်မလေးကတော့နေရာမှာပဲ သေသွားတယ်။"လို့ ဒေသခံတဦးက ပြောပါတယ်။

ဓားထိုးမှုဖြစ်ခဲ့တာက ကောင်မလေးနေထိုင်တဲ့ နေအိမ်ရဲ့ ၂ ဖာလုံခန့်အကွာ ရထားလမ်းနဲ့ နေအိမ်ကြားက နေရာတခုမှာပါ။ 

ဒေသခံတွေကတော့ ကောင်လေးနဲ့ကောင်မလေးဟာ သမီးရည်စားဖြစ်ပြီး မကြာသေးခင် ကာလကမှ စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ လမ်းခွဲထားတာဖြစ်ပြီး ကောင်မလေးက ဒူဘိုင်းနိုင်ငံကိုသွားဖို့ ပြင်ဆင်နေစဥ်ကာလမှာ ကောင်လေးဘက်က နောက်ဆုံးအကြိမ်တွေ့ခွင့်တောင်းလို့ သွားတွေ့ချိန်မှာ အသတ်ခံရတာလို့ ပြောပါတယ်။  

ကောင်လေးကိုတော့ သူ့အိမ်မှာ ရဲကဝင်ဖမ်းပြီး ဖြူးမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ မခြူးခက်နွယ်ရဲ့ အလောင်းကိုတော့ သူ့အိမ်မှာပဲထားရှိပြီး မတ်လ ၂ ရက်မှာ သင်္ဂြိုဟ်သွားမယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဖြူး #သမီးရည်းစား #ချိန်းတွေ့ #ဓါးထိုးမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10