သရက်ကွရွာက ပျူစောထီးတွေ ဒရုန်းနဲ့ဗုံးကြဲခံရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွရွာက ပျူစောထီးတွေနေတဲ့နေရာကို ဇွန် ၁၇ ရက် ဒီကနေ့မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Ghost Of Enemies - GOE Revolution Force အဖွဲ့ဆီက သိရပါတယ်။

သရက်ကွရွာအတွင်းမှာ ပျူစောထီးအင်အား ၆၀ ခန့်ရှိပြီး ဒီနေ့ မနက် ၁၀ နာရီလောက်ကနေ နေ့လယ် ၁၂ နာရီကျော်အထိ ဒရုန်းနဲ့ ဗုံးကြချခဲ့တာလို့ Ghost Of Enemies - GOE Revolution Force ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

ဒရုန်းဗုံးသီး ၁၅ လုံးခန့်နဲ့ ပျူစောထီးတွေရဲ့နေအိမ်အနီးတဝိုက်တွေကို ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှုကိုတော့ အတိအကျမသိရဘူးလို့လည်း သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်ကလည်း မြိုင်မြို့နယ်၊ သရက်ကွရွာက ပျူစောထီးတွေကို Ghost Of Enemies - GOE Revolution Force အဖွဲ့က ဒရုန်းနဲ့ဗုံးကြဲချ တိုက်ခိုက်ခဲ့ပါသေးတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #မြိုင် #သရက်ကွရွာ #ပျူစောထီး #ဒရုန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10