သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ဇူလိုင် ၂၇ရက် နေ့ နံနက်ပိုင်းက မကွေးတိုင်း၊ သရက်အကျဉ်းထောင်မှာ သွေးတိုးရောဂါအခံရှိတဲ့ နိုင်ငံရေးအကျဉ်းသားတဦး အချိန်မီဆေးကုသခွင့်မရလို့ ရုတ်တရက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
နိုင်ကျဉ်းတဦးဖြစ်တဲ့ ကိုညီညီ ဟာ ဇူလိုင် ၂၇ ရက် နံနက် ၁ နာရီဝန်းကျင်က ရုတ်တရက် သွေးတိုးလာပြီး အချိန်မီဆေးကုသမှုမခံယူခဲ့ရသဖြင့် သေဆုံးသွားတာလို့ သေဆုံးသူနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဆီက သိရပါတယ်။
"နဂိုကတည်းက သွေးတိုးအခံ ရှိတယ်။ နံနက်ပိုင်းက သွေးရုတ်တရက်တိုးလာတယ်လို့ သိရတယ်။ မနက်စော ၁ နာရီလောက် အချိန်ကြီးဖြစ်တော့ ထောင်ဘက်ကလည်း အပြင်ဆေးရုံကို ပို့ဖို့နောက်ကျနေတာနဲ့ ဆုံးသွားတယ်လို့ သိရပါတယ်" လို့ သေဆုံးသူမိသားစုနဲ့နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။
မင်းတုန်းမြို့နယ်၊ မှိုက်ကျေးရွာမှာ နေထိုင်တဲ့ ကိုညီညီဟာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ၅၂-က၊ ၅၁-ဂ တို့နဲ့ စစ်ကောင်စီရဲ့ ဖမ်းဆီးထောင်ချတာကိုခံရပြီးတဲ့နောက် သရက်အကျဉ်းထောင်မှာ ရောက်ရှိနေခဲ့ရတာလို့ ဆိုပါတယ်။
သေဆုံးသွားရတဲ့ ကိုညီညီဟာ အသက် ၃၁ အရွယ်သာရှိသေးပြီး ပြီးခဲ့တဲ့ ၂၀၂၂ ကတည်းက သရက်ထောင်ကျနေသူ ဖြစ်ပါတယ်။
ကိုညီညီသေဆုံးမှုနဲ့ ပတ်သက်ပြီး သရက်အကျဉ်းထောင်ကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါ။
သတင်း - မောင်မုန်း၊ စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#သရက်အကျဉ်းထောင် #နိုင်ကျဉ်း #သွေးတိုးရောဂါ #ဆေးကုသခွင့် #သေဆုံး
Share Share Share