သာစည်မှာ စစ်ကောင်စီအဖွဲ့၀င် ၄ ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး ၃ ဦးသေ၊ အရပ်သား ၁ ဦးကိုပါ စစ်အုပ်စုက ပစ်သတ်ခဲ့

သာစည်မှာ စစ်ကောင်စီအဖွဲ့၀င် ၄ ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး ၃ ဦးသေ၊ အရပ်သား ၁ ဦးကိုပါ စစ်အုပ်စုက ပစ်သတ်ခဲ့

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့၀င် ၄ ဦးနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ - WTRF တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီအဖွဲ့၀င် ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၂ ရက် မနေ့က မနက်ပိုင်းမှာ သာစည်မြို့နယ်၊ မြောင်ဦးကျေးရွာတောင်ဘက် တံတားအနီးကို ဆိုင်ကယ်နှစ်စီးနဲ့ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် ၄ ဦးနဲ့ ၀မ်းတွင်းမြို့နယ်ပြောက်ကျားတပ်ဖွဲ့ - WTRF တို့ တိုက်ပွဲဖြစ်ပွားရာမှာ သေဆုံးခဲ့တာလို့ တပ်ဖွဲ့၀င်တဦးက ပြောပါတယ်။ 

"ကင်းလှည့်လာတဲ့ စကစတပ်သား ၄ ယောက်ကို လက်ဦးမှုယူပြီး ပစ်ခတ်ခဲ့တာ။ တကောင်က နေရာမှာ တင်သေတယ်။ အဲဒီထဲက နှစ်ကောင်က နောက်မှသေတယ်။ ပြန်ပစ်လို့ သေနတ်လည်း မကောက်နိုင်ခဲ့ဘူး" လို့ WTRF တပ်ဖွဲ့၀င်တဦးက မြေလတ်အသံကို ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေစဉ်အတွင်း ကျေးရွာအနီးရှိ ‌လယ်တောထဲမှ ပြည်သူတဦးကို စစ်ကောင်စီက သေနတ်နဲ့ပစ်သတ်ခဲ့ပြီး သူနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရှိရသေးပါဘူး။ 

သာစည်နယ်အတွင်း တိုက်ခိုက်မှုတွေရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ တော်လှန်ရေးသတိကြီးစွာနေထိုင်ကြဖို့နဲ့ စစ်ကောင်စီတပ်တွေရဲ့အနီးကနေ ရှောင်ရှားနေထိုင်ကြဖို့ ၀မ်းတွင်းမြို့နယ်ပြောက်ကျားတပ်ဖွဲ့ (WTRF)က အသိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာ ၆ ရက်ကလည်း ၀မ်းတွင်းမြို့နယ်ရှိ ပင်းတလဲရဲစခန်းကို WTRF အဖွဲ့က လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #သာစည် #စစ်ကောင်စီ #တိုက်ခိုက် #WTRF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10