သာစည်အကျဉ်းထောင်အနီးကင်းသမားတွေ အနီးကပ်ပစ်ခံရလို့  ရဲ၂ဦး သေဆုံး

သာစည်အကျဉ်းထောင်အနီးကင်းသမားတွေ အနီးကပ်ပစ်ခံရလို့  ရဲ၂ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စစ်ကောင်စီတပ်စွဲထားတဲ့ သာစည်အကျဉ်းထောင်အနီး အပြင်ထွက်နေတဲ့ ရဲ ၂ ဦးကို မတ်လ ၃၁ ရက် ညနေပိုင်းမှာ ကားနဲ့အနီးကပ်သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီကင်းစခန်း ဘန်ကာထဲမှာ ကင်းသမား ၅ဦးရှိပြီး အပြင်ထွက်လာချိန်ကို စောင့်ပြီး ပစ်ခတ်ခဲ့တာဖြစ်လို့ ၂ဦး သေဆုံးခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း အမှတ် (၂၇) Black Dragon Force ယာယီတပ်ရင်းမှူး ဗိုလ်စိုးကြီးက ပြောပါတယ်။ 

"အပြင်ထွက်လာတဲ့ ၂ ယောက်ကို ပစ်ခတ်ခဲ့တာ။ အဲ့ဒီ ၂ ယောက်လုံးသေတယ်။ ရဲတွေဖြစ်တယ်။ သူတို့ကဘယ်တပ်ရင်းကဆိုတာတော့ မသိဘူး" လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို  မုံရွာခရိုင်တပ်ရင်း အမှတ် ၂၇ Black Dragon Force၊ Peacock King People Defense Force၊ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့ နဲ့ Monywa Commando Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10