သာယာဝတီဒေသက ပြည်သူတွေ ဘာတွေတောင်းဆိုထားသလဲ

သာယာဝတီမြို့ဟာ ပဲခူးတိုင်းအတွင်းက ခရိုင်မြို့လေးဖြစ်ပြီး ရန်ကုန်းတိုင်းနဲ့ ထိစပ်နေတဲ့ မြို့လေးဖြစ်ကာ သာယာဝတီမြို့နယ်အတွင်းမှာ သာယာဝတီမြို့နဲ့ သုံဆယ်မြို့တို့ပါဝင်ပါတယ်။

မြို့ပေါ်ရပ်ကွက် ၂၁ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၄၈ စုအတွင်း လူဦးရေ ၁ သိန်း ၆ သောင်း ၂ ထောင်နီးပါးနေထိုင်ကာ ဗမာတိုင်းရင်းသားအများစုနဲ့ ကရင်တိုင်းရင်းသား ဒုတိယအများစု နေထိုင်ပြီး ရှမ်းတိုင်းရင်းသား တတိယအများစုနေထိုင်ကာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးနိုင်သူ ဦးရေ ၁ သိန်း ၂ သောင်းခန့်ရှိပါတယ်။

စိုက်ပျိုးရေးကိုအများစုလုပ်ကိုင်ကြပြီး အင်းတွေများစွာရှိတာကြောင့် ငါးမွေးမြူရေး လုပ်ငန်းကိုပါ အများစုလုပ်ကိုင်ကြပြီး ရန်ကုန်-ပြည် မီးရထားလမ်းနဲ့ ကားလမ်းဆုံတဲ့မြို့ ဖြစ်တာကြောင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လို့ စီးပွားရေးဖွံ့ဖြိုးတဲ့ မြို့နယ်တခုလည်း ဖြစ်ပါတယ်။

အခု လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ဘယ်လို အစိုးရမျိုးကို ရွေးချယ်သွားမလဲ၊ လက်ရှိအစိုးရကရော ပြည်သူတွေအတွက် ဘာတွေလုပ်ပေးခဲ့ပြီလဲ၊ မိမိတို့ ဒေသအတွက် ဘယ်လို လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်သွားကြမလဲဆိုတာတွေကို မြေလတ်အသံ သတင်းဌာနက လိုက်လံမေးမြန်းသွားမှာဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10