သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ကို ထောင်ဒဏ် ၂ နှစ်ချမှတ်

သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ကို ထောင်ဒဏ် ၂ နှစ်ချမှတ်

အာဏာသိမ်းစစ်ကောင်စီက သာယာဝတီမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်မြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားဆွဲဆိုထားမှုအား ယနေ့ နံနက်ပိုင်းက ထောင်ဒဏ် ၂ နှစ်အမိန့်ချမှတ်လိုက်တယ်လို့ သိရသည်။

ဦးအောင်မြင့်ကို ဖေဖော်ဝါရီလ ၁၁ ရက်ညပိုင်းတွင် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ ၎င်း၏နေအိမ်တွင် စစ်ကောင်စီတပ်တွေ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ သာယာဝတီအကျဉ်းထောင်တွင် ဆယ်လကျော်ကြာ ဖမ်းဆီး၍ အမှုရင်ဆိုင်နေရာမှ ယနေ့အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဦးအောင်မြင့်သည် ၈၈ အရေးခင်းတွင်လည်း ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ်ကျခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပြီး သာယာဝတိမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌလည်း ဖြစ်ပါတယ်။

စတင်အာဏာသိမ်းစဉ်က သာယာဝတီခရိုင် ၈ မြို့နယ်တွင် အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်အမတ် ၃ ဦး ဖမ်းဆီးခံခဲ့ရပြီး၊ ၎င်းတို့အထဲတွင် လက်ပံတန်းမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးကိုယ်စားလှယ်၊ ပဲခူးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်မှာ စက်တင်ဘာ ၁၈ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်သည်။

သာယာဝတီမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးအောင်မြင့်မှာ ထောင်ဒဏ် ၂ နှစ်အမိန့်ချမှတ်ခံရပြီး သာယာဝတီမြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ကိုကျော်ကိုကိုစိန်မှာ သာယာဝတီထောင်အတွင်း ဆက်လက်ထိန်သိမ်းခံထားရပြီး အမှုရင်ဆိုင်‌နေရဆဲ ဖြစ်သည်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10