သာယာဝတီမှာ စကားများရန်ဖြစ်ရာက အလယ်တန်းကျောင်းသားတဦး သေဆုံး

သာယာဝတီမှာ စကားများရန်ဖြစ်ရာက အလယ်တန်းကျောင်းသားတဦး သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ အောက်လက်ပံခုန်ကျေးရွာက ၈ တန်းကျောင်းသားတဦးမှာ ဇွန် လ ၂၈ ရက်ညနေ ၄ နာရီကျော်မှာ စကားများရန်ဖြစ်ရာကနေ လက်သီးနဲ့အထိုးခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

သေဆုံးသူမှာ မောင်မင်းပိုင် ၁၄ နှစ်ဖြစ်ပြီး  အ.ထ.က(ထန်းပင်ကုန်း) စာသင်ကျောင်းမှ ကျောင်းဆင်းကာ ကျေးရွာကိုပြန်လာချိန် လမ်းခုလတ်တနေရာအရောက်မှာ အရပ်သားတဦးနဲ့ ရန်ဖြစ်ရာက သေဆုံးခဲ့တာလို့ ဆိုပါတယ်။

 

"ကလေးက လက်သီးနဲ့ နားထင်ကိုထိုးမိပြီး ပွဲချင်ပြီးသေသွားတာ။ သတ်တဲ့သူက အရပ်သား။ သေတဲ့ကလေးကတော့ ရွာဥက္ကဌသား"လို့ လက်ပံခုန်ကျေးရွာသားတဦးက ပြောပါတယ်။

 

မောင်မင်းပိုင်မှာ အောက်လက်ပံခုန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်စိုးရဲ့သားဖြစ်ပြီး သူနဲ့ရန်ဖြစ်တဲ့သူကတော့ ညောင်ဝိုင်းကျေးရွာက ဖြစ်ကာ အသက်အရွယ်အားဖြင့် ဘယ်လောက်ကွာလဲဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။ 

 

အလောင်းကိုတော့ ၂၉ ရက်ညနေပိုင်းမှာ သင်္ဂြိုဟ်ပေးခဲ့ပြီး၊ တရားခံ ညောင်ဝိုင်းကျေးရွာသားကိုတော့ ဇွန်လ ၂၈ ရက် အခင်းဖြစ်ပြီးနောက်မှာပဲ သုံးဆယ်ရေလဲကျေးရွာ ရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းဆီးသွားခဲ့ကြတယ်လို့ သိရပါတယ်။  

 

စာတည်း - လင်း

 

#မြေလတ်အသံ

#ပဲခူး #သာယာဝတီ #အောက်လက်ပံခုန် #ရန်ဖြစ် #ကျောင်းသား #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10